ရန်ကုန်မြို့၌ အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူး သေနတ်ဖြင့် အနီးကပ် လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်ပွား
မြူနစ် (NSS) - ဇန်နဝါရီ ၂၀
ရန်ကုန်မြို့၌ အုပ်ချုပ်ရေးမှူးတစ်ဦး နှင့် ရာအိမ်မှူးတစ်ဦးတို့သည် သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၁၉ ရက်)၊ ညနေ ၆ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၃)ရပ် ကွက်၊ ပန်းခြံကျောင်းလမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူအချို့က NP News ကို ပြော သည်။
“သူတို့က ရုံးကနေ ပြန်လာတာလေ။ လမ်းမှာ စက်ဘီးနဲ့လူက ပစ်သွားတာ။ စောင့်ကြည့်နေတာကြာပြီဖြစ်လောက်တယ်။ နှစ်ယောက်ထိသွားတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
လှိုင်မြို့နယ် (၁၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦကျင်ဖျောက်နှင့် ရာအိမ်မှူးဖြစ်သူ ဦးသန်းမြင့်တို့သည် စက်ဘီးကိုယ်စီဖြင့် အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လာစဉ်အချိန်တွင် ပန်းခြံကျောင်းလမ်း၊ အ.လ.က (၇)ကျောင်းရှေ့အရောက်၌ စက်ဘီးစီးလာသော လူတစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဖြစ်သူ ဦးသန်းမြင့်သည် ဦးခေါင်းနှင့်ဝမ်းဗိုက်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျင်ဖျောက်သည်လည်း ဝမ်းဗိုက်နှင့် ရင်အုံတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေဖြင့် ဆေးရုံသို့ ပို့ဆောင်ကုပေးလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ ပစ်ခတ်လုပ်ကြံခံရချိန်တွင် ဦးကျင်ဖျောက်နှင့် ဦးသန်းမြင့်တို့သည် အသက်(၇၀)ကျော်အရွယ်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဦးကျင်ဖျောက်နှင့် ဦးသန်းမြင့်တို့အား မည်သည့်အဖွဲ့အစည်းက ပစ်ခတ်လုပ်ကြံသည်ကို လတ်တလော၌ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သော ကာလများအတွင်း၌ ရန်ကုန်မြို့တွင် ပစ်ခတ်လုပ်ကြံမှုဖြစ်စဉ်များ ငြိမ်သတ်နေခဲ့သော်လည်း ယမန်နေ့တွင် ပြန်လည်ဖြစ်ပွားလာခဲ့သည်ကို တွေ့ရှိရသည်။
လက်ရှိနစကအစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူးများအပါအဝင် နိုင်ငံ့ဝန်ထမ်းများကို NUG လက်အောက်ခံ PDF အဖွဲ့များက ခေါင်းစဉ်အမျိုးမျိုးဖြင့် အကြောင်းပြကာ လုပ်ကြံသတ်ဖြတ်သောဖြစ်စဉ်များ ဖြစ်ပွားနေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး နဲ့ ပါလက်စတိုင်း နှစ်နိုင်ငံဆိုတဲ့ မူဝါဒရပ်တည်ချက်တွေကို မဆန့်ကျင်ဖို့ အစ္စရေးအစိုးရကို အမေရိကန်သမ္မတတောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ