အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုက အကြီးမားဆုံးစစ်ရေးလေ့ကျင့်ခန်းတွေကို လုပ်ဆောင်သွားမယ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၉
နေတိုးအုပ်စုက ၎င်းတို့ဟာ လာမယ့်သီတင်းပတ်မှာ ၁ဝ စုနှစ်အတွင်း အကြီးမားဆုံးစစ်ရေးလေ့ကျင့်ခန်းတွေကို စတင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
နေတိုးအုပ်စုဟာ လက်ရှိအချိန်မှာ ရုရှားနိုင်ငံနဲ့ အငြင်းပွားမှုတွေ၊ တင်းမာမှုတွေရှိနေချိန်မှာ အခုလိုမျိုးတပ်ဖွဲ့ဝင် ၉ဝဝဝဝ ကျော် ပါဝင်မယ့် စစ်ရေးလေ့ကျင့်ခန်းကိုလုပ်ဆောင်ဖို့ စီစဉ်လာခြင်းဖြစ်ပါတယ်။
နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ရဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ အမေရိကန်ဗိုလ်ချုပ်ကြီး ခရစ်တိုဖာ ကာဗိုလီက နေတိုး အဖွဲ့ဝင် နိုင်ငံပေါင်း ၃၁ နိုင်ငံ ပူးပေါင်းပါဝင်မယ့် စစ်ရေးလေ့ကျင့်ခန်းတွေကို လုပ်ဆောင်မယ်လို့ ပြောပါတယ်။
အဆိုပါလေ့ကျင့်ခန်းအစီအစဉ်တွေထဲကို နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားနေတဲ့ ဆွီဒင်နိုင်ငံလည်း ပါဝင်လာဖွယ်ရှိနေကြောင်း သိရပါတယ်။ စစ်ရေးလေ့ကျင့်ခန်းအတွင်း ရေတပ်တပ်ဖွဲ့ဝင် စစ်သင်္ဘောအမျိုးမျိုး အနည်းဆုံး အစင်းရေ ၅ဝ၊ တိုက်လေယာဉ်အစင်းရေ ၈ဝ နဲ့ မြေပြင်တပ်ဖွဲ့သုံးယာဉ် အစီးရေ အနည်းဆုံး ၁၁ဝဝ ကျော် ပါဝင် ဖွယ်ရှိနေပါတယ်။
လာမယ့်သီတင်းပတ်အတွင်း ပြုလုပ်မယ့်စစ်ရေးလေ့ကျင့်ခန်းဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းပြုလုပ်တဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်ခန်းတစ်ခုဖြစ်လာခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုတွေဟာ ဥရောပ အရှေ့ဘက်ပိုင်း ရုရှားနယ်စပ်နားကို တပ်ဖွဲ့ဝင်တွေစေလွှတ်နေရာ နှစ်ဖက်တင်းမာမှုတွေ မြင့်တက်လာနေကြောင်း သိရပါတယ်။
နေတိုးအုပ်စုဝင်နိုင်ငံတွေဟာ လက်ရှိအချိန်မှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံနဲ့ တင်းမာမှုအရှိန်မြင့်တက်နေကြောင်း သိရပါတယ်။ နေတိုးအုပ်စုဝင်နိုင်ငံတွေဟာ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို စစ်ရေးလေ့ကျင့်သင်ကြားပေးတာ၊ စစ်လက်နက်ပစ္စည်းကူညီထောက်ပံ့ပေးတာတွေရှိနေခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန်းမြို့ဈေးအတွင်းရှိ "ဆယ်သန်း"ရွှေဆိုင် ဓားပြတိုက်ခံရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ