ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား နဲ့ အီရန်နိုင်ငံတို့ ခြိမ်းခြောက်မှုတွေကိုရင်ဆိုင်ရမယ့်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ဗြိတိန်အစိုးရ တောင်းဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၉
ဗြိတိန်ကာကွယ်ရေးဝန်ကြီးက အီရန်၊ မြောက်ကိုရီးယား၊ တရုတ် ၊ ရုရှားနိုင်ငံတို့နဲ့ အနောက်အုပ်စုနိုင်ငံတွေကြား ကမ္ဘာ့စစ်ရေးပဋိပက္ခတွေဖြစ်လာနိုင်ဖွယ်ရှိနေရာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရမယ်လို့ ပြောပါတယ်။
ဗြိတိန် နဲ့ ဟာမိတ်နိုင်ငံတွေအနေနဲ့ ကမ္ဘာကြီးခြိမ်းခြောက်နေသူတွေကို တုံ့ပြန်နိုင်ဖို့ စစ်ရေးအသုံးစရိတ်တွေကို ပိုမိုတိုးမြှင့်သုံးစွဲရမယ်လို့ တောင်းဆိုလိုက်ပါတယ်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီး Grant Shapps က ဗြိတိန်နိုင်ငံဟာ ကမ္ဘာ့စစ်ရေးအင်အားအကောင်းဆုံးနိုင်ငံတွေထဲမှာ ဗြိတိန်နိုင်ငံပါဝင်နေပြီး ၂ဝ၂၄ ခုနှစ်အတွင်းမှာ ကာကွယ်ရေး အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၆၃ ဘီလျံမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ဗြိတိန်နိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ်တွေကို ထပ်မံတိုးမြှင့်သုံးစွာမှာဖြစ် ကြောင်း၊ အဲဒီလိုမျိုး ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ခြင်းက မဟာမိတ်တွေ နဲ့ မိတ်ဆွေနိုင်ငံတွေကို ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်လာခြင်းဖြစ်ကြောင်း ပြောပါတယ်။
၎င်းက "ငါးနှစ်အတွင်းမှာ ရုရှား၊ တရုတ်၊ အီရန်၊ မြောက်ကိုရီးယားနိုင်ငံတို့အပါအဝင် မျိုးစုံခြိမ်းခြောက်မှုတွေ ရှိလာနိုင်တယ်" လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ်တွေကို တိုးမြှင့်သုံးစွဲလာခဲ့ရာ ၂ဝ၂၄ ခုနှစ်အတွင်းမှာ နိုင်ငံ ဂျီဒီပီရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲလာခဲ့ကြောင်း သိရပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းကျော် တိုးမြှင့်သုံးစွဲသင့်ကြောင်း၊ လက်ရှိအချိန်မှာ နေတိုးအဖွဲ့ဝင်နိုင်ငံပေါင်း ၃၁ နိုင်ငံထဲက သုံးနိုင်ငံသာ နိုင်ငံဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းကျော် သုံးစွဲထားကြောင်း ၎င်းက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုက အကြီးမားဆုံးစစ်ရေးလေ့ကျင့်ခန်းတွေကို လုပ်ဆောင်သွားမယ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ