ဒိုက်ဦးမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးတို့ကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ
Pearl (NSS) - ဇန်နဝါရီ ၁၉
ဒိုက်ဦးမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးတို့ကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၁၈ ရက်)၊ နံနက် (၉) နာရီခန့်တွင် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ ဖအောင်ဝဲရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါရပ်ကွက်ရှိ ဟိန်းကျော်လက်ဖက်ရည်ဆိုင်တွင် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်ဝင်း(၆၈)နှစ် နှင့် ရာအိမ်မှူးဖြစ်သူ ဦးခင်မောင်အေး(၆၀)နှစ်တို့ ထိုင်နေစဉ် အကြမ်းဖက်သမားများ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားခဲ့ကြောင်းသိရသည်။
"ဆိုင်ထိုင်နေတဲ့အချိန် လာပစ်သွားတာ။ ဦးခင်မောင်အေးက နေရာမှာပဲ သေသွားတယ်။ ဦးခင်ဝင်းက ဒဏ် ရာရ သွားတယ်။ ဒိုက်ဦး pdf ကနေ လာပစ်သွားတာ။ သေနတ်နဲ့ (၅)ချက်၊ (၆)ချက် ပစ်သွားတယ်ပြောတယ်။ ဒဏ်ရာတော့ ဘယ်နေရာတွေရလဲ မသိဘူး။ (၂)ယောက်လုံးက ဖအောင်ဝဲ ရပ်ကွက်ကပဲ" ဟု လုံခြုံရေးအဖွဲ့နှင့်စပ်သူက NSS ကို ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဖြစ်သူ ဦးခင်မောင်အေးသည် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းသည် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် နှုတ်ထွက်မှုမရှိဘဲ နစကအလိုကျ ဆက်လက် ၍ တာဝန်ထမ်းဆောင်နေပါက ပြင်းထန်စွာအပြစ်ပေး အရေးယူသွားမည်ဟု ဒိုက်ဦးမြို့နယ် PDF အဖွဲ့က ခြိမ်းခြောက်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား နဲ့ အီရန်နိုင်ငံတို့ ခြိမ်းခြောက်မှုတွေကိုရင်ဆိုင်ရမယ့်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ဗြိတိန်အစိုးရ တောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ