အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနတွင် လစ်လပ်နေသော ဒုဦးစီးမှူးရာထူးနေရာများ ခေါ်ယူနေ
စော(NSS) - ဇန်နဝါရီ ၁၈
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနတွင် လစ်လပ်နေသော ဒုဦးစီးမှူးရာထူးနေရာများ ခေါ်ယူနေကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)၊ အမျိုးသားစည်လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနက ယမန်နေ့ (ဇန်နဝါရီလ ၁၇ ရက်)တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
အဆိုပါဌာနက ဒုဦးစီးမှူးရာထူးနေရာအတွက် (၅)ဦး ခန့်အပ်သွားမည်ဖြစ်ပြီး အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ နိုင်ငံတကာဆက်ဆံရေးပညာနှင့် စီးပွားရေးပညာဘွဲ့ရရှိသူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ အငယ်တန်းစာရေးရာထူးနေရာအတွက် (၅)ဦး ခန့် အပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲရရှိသူဖြစ်ရန်လိုအပ်ကြောင်း သိရသည်။
လျှောက်ထားသူသည် ယမန်နေ့ (ဇန်နဝါရီလ ၁၇ ရက်)တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၇)နှစ်ထက်မကျော်လွန်သူဖြစ်ရန်လိုအပ်ကာ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ရာထူးနေရာနှစ်ခုလုံး လျှောက်ထားခွင့်ရှိကြောင်း သိရသည်။
ထို့ပြင် လျှောက်လွှာများကို NSPNC Website Page (www.nspnc.gov.mm) တွင် Download ရယူပြီး ဖေဖော်ဝါရီ လ ၈ ရက်နောက်ဆုံးထား၍ နေပြည်တော်၊ ဇေယျသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို ဖေဖော်ဝါ ရီလ ၂၀ ရက်တွင် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူများကို NSPNC Website Page တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲအောင်မြင်ပြီးသူများကို ဖေဖော်ဝါရီလ ၂၂ ရက်တွင် လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စဥ့်ကူးမြို့နယ်၌ သက်တော်(၄၉)နှစ်ရှိ သံဃာတော်တစ်ပါးကို PDF အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အကြမ်းဖက်သတ်ဖြတ်ခံရသည့် သံဃာတော်(၉၃)ပါးထိရှိလာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ