မိတ္ထီလာမြို့၌ ကျောင်းသားအချင်းချင်းရန်ဖြစ်ရာမှ ထိုးသွင်းဒဏ်ရာ (၂)ချက်ဖြင့် (၉)တန်းကျောင်းသားတစ်ဦး သေဆုံးခဲ့
စော (NSS) - ဇန်နဝါရီ ၁၈
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၌ ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာမှ ထိုးသွင်းဒဏ်ရာ(၂)ချက်ဖြင့် (၉)တန်းကျောင်းသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၁၈ ရက်)၊ မွန်းလွဲ (၁၀)နာရီခွဲဝန်းကျင်အချိန်တွင် မိတ္ထီလာမြို့၊ ပြည်သာယာမြောက်ရပ်ကွက်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“သိရသလောက်တော့ စုံညီပွဲတော်ရှိတာကို သေတဲ့ကောင်လေးက လာကြည့်တာ။ ကျန်တာတော့ မသိဘူး။ ရန်ဖြစ်တာကနေမှ တစ်ခုခုနဲ့ထိုးလိုက်ပြီးတော့မှ သွေးတွေထွက်ပြီး လဲနေတော့မှ သိကြတာ။ သိကြတဲ့အခါမှ ကျွန်တော်တို့ကို လှမ်းဆက်တာ။ သွားကောက်တော့ အသက်ကရှိသေးတယ်။ ဆေးရုံရောက်တော့ ဆရာဝန်စမ်းသပ်တော့ အသက်ကမရှိတော့ဘူး။ သေတဲ့ကောင်လေးက (၉)တန်းကျောင်းသား ၊ ထိုးတဲ့ကောင်လေးက (၇)တန်းကျောင်းသားပါ”ဟု ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ (၉)တန်းကျောင်းသားသည် ချွန်ထက်သောအရာဖြင့် လည်ပင်း နှင့် ဝမ်းဗိုက်တို့တွင် အထိုးခံခဲ့ရခြင်းဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်ကုသစဉ်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေဆုံးခဲ့သည့် ကျောင်းသားသည် အသက်(၁၉)နှစ်ခန့်ရှိပြီး ၎င်း၏အလောင်းကို မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန်ကြိုးပမ်းခဲ့ခြင်းမျိုးမရှိကြောင်း ယူကရိန်းသမ္မတပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း