ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအမည်ခံကာ လိမ်လည်အလှူခံမှုများရှိနေသည့်အတွက် စာထုတ်ကာ သတိပေးထားရဟုဆို
Pearl (NSS) - ဇန်နဝါရီ ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေပြည်အေးရပ်ကွက်ရှိ ကင်းရွာဘုန်းတော်ကြီးသင်ပညာရေးကျောင်းကဟု အမည်ခံကာ လိမ် လည်ပြီး အလှူခံခြင်းများရှိနေသည့်အတွက် သတိပေးစာပင်ထုတ်ကာ အသိပေးထားရကြောင်း သိရသည်။
ကင်းရွာဘုန်းတော်ကြီးသင်ပညာရေးကျောင်းအနေဖြင့် အလား တူ အလှူခံခြင်းမပြုလုပ်ကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အလှူခံခွင့်မပြုထားကြောင်းလည်း အသိပေးစာတွင် ဖော်ပြထားသည်။
"ဘီလူးကျွန်းဘက်မှာ တစ်နေ့ ၃ ကြိမ်၊ ၄ ကြိမ် တွေ့ရတယ်လို့ အဲဒီဘက်က ဆရာတော်ကြီးတွေက လှမ်းပြောတယ်။ သံဖြူဇရပ်ဘက်မှာလည်း တွေ့ရတယ်ဆိုပြီး အဲဒီဘက်က တပည့်တွေက လှမ်းပြောတယ်။ များသောအားဖြင့် မွန်ပြည်နယ် နဲ့ ကရင် ပြည်နယ်ဘက်တွေမှာ တွေ့ရတယ်"ဟု ကင်းရွာဘုန်းတော်ကြီး သင်ပညာရေးကျောင်း၏ တာဝန်ရှိသူ တစ်ဦးက NSS ကို ပြောသည်။
ထိုသို့ လိမ်လည်၍ အလှူခံမှုများ ပြုလုပ်နေသည်ကို တွေ့ရှိပါက ဖုန်းနံပါတ် ၀၉ ၅၃၁၀၁၈၊ ၀၉၇၅၃၂၆၁၃၄၈ နှင့် ၀၉၇၈၈၁၀၉၀၄ သို့ အသိပေးအကြောင်းကြားပေးရန် ကင်းရွာဘုန်းတော်ကြီးသင်ပညာရေးကျောင်းက မေတ္တာရပ်ခံထားသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီးများတွင်လည်း အလားတူ အတုလုပ်ကာ အလှူခံခြင်းမျိုးရှိနေပြီး အဆင့်ဆင့်တာဝန်ရှိသူများက ပညာပေးခြင်း၊ ဖမ်းဆီးခြင်း ရှိနေသော်လည်း လိမ်လည်ပြီး အလှူခံခြင်းမျိုး ပပျောက်ခြင်းမရှိသေးကြောင်း သိရသည်။
“ညီမ တစ်ခါကြုံတုန်းကဆိုရင် သူတို့က တည်းခိုခန်းမှာတောင် တည်းပြီးတော့ အလှူခံတာပါ။ မွန်ပြည်နယ်ဘက်က လာတယ်လို့ ပြောကြတယ်။ သုံးလလောက် အလှူခံသွားမယ် ထင်တယ်။ ကလေးတွေပါ ပါတယ်”ဟု အဆိုပါ အလှူခံမျိုးကို ကြုံဖူးသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိတ္ထီလာမြို့၌ ကျောင်းသားအချင်းချင်းရန်ဖြစ်ရာမှ ထိုးသွင်းဒဏ်ရာ (၂)ချက်ဖြင့် (၉)တန်းကျောင်းသားတစ်ဦး သေဆုံးခဲ့
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း