၂ဝ၂၃ ခုနှစ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ထပ်မံဆွတ်ခူးရရှိ
Pika (NSS) - ဇန်နဝါရီ ၁၆
အာဂျင်တီးနားအသင်း တိုက်စစ်မှူးမက်ဆီသည် ၂ဝ၂၃ ခုနှစ်အတွက် Fifa က ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် မန်စီးတီးနည်းပြ ဂွါဒီယိုလာသည်လည်း တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
မက်ဆီသည် မန်စီးတီးတိုက်စစ်မှူး ဟာလန်း နှင့် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အမ်ဘာပေတို့ကို ကျော်တက်ကာ ယခုကဲ့သို့ ထပ်မံဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မန်စီးတီးအသင်း ဂိုးသမားအက်ဒါဆန်သည် ရီးရဲလ်မက်ဒရစ်အသင်း ဂိုးသမား Thibaut Courtois နှင့် Al Hilal အသင်းဂိုးသမား Yassine Bounou တို့ကို ကျော်တက်ကာ ၂ဝ၂၃ ခုနှစ် တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အသက်(၃၆)နှစ်အရွယ် မက်ဆီသည် ၂ဝ၂၃ ခုနှစ် အစပိုင်းကို ပီအက်စ်ဂျီအသင်းနှင့်အတူ ဖြတ်သန်းခဲ့သော်လည်း ဇွန်လတွင် မေဂျာလိဂ်ဘောလုံးအသင်း (MLS) အင်တာမိုင်ယာမီသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။ မက်ဆီသည် ၂ဝ၁၉ ခုနှစ် နှင့် ၂ဝ၂၂ ခုနှစ်တို့တွင်လည်း Fifa တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပြီးနောက် ၂ဝ၂၃ ခုနှစ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ထပ်မံဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် လီဂူးဝမ်းဆုဖလားကို ပီအက်စ်ဂျီအသင်းအတွက် ဆွတ်ခူးပေးနိုင်ခဲ့ပြီး (၉)ဂိုး သွင်းယူနိုင်ခဲ့ကြောင်း လည်း သိရသည်။ ထို့အပြင် မက်ဆီသည်အမေရိကန်တွင်ကျင်းပသော လိဂ်ဖလားကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီး အင်တာမိုင်ယာမီအသင်းအတွက် (၇)ပွဲကစားကာ (၁ဝ)ဂိုးထိ သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျာမနီတပ်ဖွဲ့များကို ၎င်း၏နယ်မြေပေါ်တွင် ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း ပိုလန်နိုင်ငံခြားရေးဒုဝန်ကြီး ပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း