နစကအဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနဲ့ တွေ့ဆုံဆွေးနွေးနိုင်အောင်ကူညီပေးဖို့ ထိုင်းအစိုးရ စီစဉ်နေ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၆
ထိုင်းအစိုးရဟာ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့အတွက် နစကခေါင်းဆောင်တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ ကြားဝင်တွေ့ဆုံဆွေးနွေးသွားဖို့ စဉ်းစားနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းစစ်တပ်နဲ့နီးစပ်တဲ့သတင်းအရင်းမြစ်က ထိုင်းအစိုးရဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ မြန်မာပြည်သူတွေကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ဟာ မြန်မာနိုင်ငံရေးအခက်အခဲနဲ့ပတ်သက်ပြီး ကြားဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းစစ်တပ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေတာပါ။
မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေရှိနေမယ်ဆိုရင် ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုတွေဖြစ်လာနိုင်ဖွယ်ရှိနေတဲ့အတွက် ထိုင်းအစိုးရဟာ မြန်မာနိုင်ငံရေးအခက်အခဲ တွေကို ကူညီပေးနိုင်ဖို့ စဉ်းစားနေခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေက ပြောပါ တယ်။
ထိုင်းအစိုးရဟာ နေရပ်စွန့်ခွာသူတွေကို အကူအ ညီတွေပေးနိုင်ဖို့ ထိုင်းနဲ့မြန်မာနယ်စပ်ဒေတတစ်လျှောက်မှာ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးစင်တာ ဖွင့်လှစ်နိုင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေး နေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံရေးအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကြားဝင်ကြိုးပမ်းခဲ့ပြီး နစကအကြီးအကဲ နဲ့တွေ့ဆုံဆွေးနွေးကာ အာဆီယံသဘောတူညီချက်ငါးချက် ရယူနိုင်ခဲ့ပါတယ်။ အဆိုပါအာဆီယံသဘောတူညီချက် ငါးချက်ထဲမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမယ့်အစီအစဉ်တွေလည်း ပါဝင်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၃ ခုနှစ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ထပ်မံဆွတ်ခူးရရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ