ပင်လယ်နီအတွင်းရှိ အမေရိကန်ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ ကတိပြု
Pika (NSS) - ဇန်နဝါရီ ၁၆
ပင်လယ်နီအတွင်းရှိ အမေရိကန်ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်နှင့် ဗြိတိန်တို့က ၎င်းတို့ကို လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းသည် အမေရိကန် ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ဖြစ်လာစေခဲ့ခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Nasruldeen Amer က "အမေရိကန်ဟာ သူတို့ရဲ့ ရေကြောင်း သွားလာမှုလုံခြုံရေးကို ဆုံးရှုံးလုနီးပါးဖြစ်နေပါပြီ" ဟု ပြောခဲ့သည်။ အစ္စရေး-ဟားမက်စစ်ပွဲတွင် ပါလက်စတိုင်း လူမျိုးများကိုထောက်ခံသည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ အစ္စရေးသို့ ဦးတည်သွားနေသော ကုန်တင်သင်္ဘော များကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ယခင်က ပြောဆိုခဲ့သည်။
Nasruldeen Amer က "အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ယီမင်မှာရှိတဲ့ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှု တွေ လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်ရဲ့လုပ်ရပ်တွေ ရပ်တန့်သင့်ပြီလို့ ထင်ပါတယ်" ဟု ပြောခဲ့သည်။
ဇန်နဝါရီလ(၁၅)ရက်တွင် ဟူသီလက်နက်ကိုင်အဖွဲ့သည် အေဒင်ပင်လယ်ကွေ့တွင် အမေရိကန်ပိုင်ကွန်တိန်နာ သင်္ဘောတစ်စီးကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း Gibraltar Eagle ကွန်တိန်နာသင်္ဘောတွင် ထိခိုက်ပျက်စီးမှု နှင့် လူအသေအပျောက်များ မရှိခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်(CENTCOM) က ပြောကြားခဲ့သည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် Gibraltar Eagle သင်္ဘောသည် ၎င်း၏ ခရီးစဉ်အတိုင်း ဆက်လက်ဦးတည်သွားလာခဲ့ ကြောင်း (CENTCOM) က ပြောကြားခဲ့သည်။ ဇန်နဝါရီလ(၁၄)ရက်က ပင်လယ်နီတောင်ပိုင်းတွင် ရှိနေသော USS Laboon စစ်သင်္ဘောဆီသို့ ဦးတည်လာသော ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားသော နယ်မြေများမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်းကို အမေရိကန်တိုက်လေယာဉ်တစ်စီးက ပစ်ချခဲ့ကြောင်း (CENTCOM) က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ဒရုန်း၊ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုဒါဇင်ချီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အစ္စရေး-ဟားမက်စစ်ပွဲ မပြီးမချင်း တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစကအဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနဲ့ တွေ့ဆုံဆွေးနွေးနိုင်အောင်ကူညီပေးဖို့ ထိုင်းအစိုးရ စီစဉ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ