ကျောက်တံခါးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင်နှင့်သမီးဖြစ်သူကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် လုပ်ကြံပစ်ခတ်
Pearl (NSS) - ဇန်နဝါရီ ၁၆
ကျောက်တံခါးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင် နှင့် သမီးဖြစ်သူကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် လုပ် ကြံပစ်ခတ်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၅ ရက်)၊ နေ့လည် (၂)နာရီအချိန်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရှမ်းဒိုးတန်းကျေး ရွာအုပ်စု၊ ပဲခူးစုရွာ နှင့် ပုဂံကွဲကျေးရွာကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရှမ်းဒိုးတန်းကျေးရွာတွင်နေထိုင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ကော်မတီဝင်ဖြစ်သူ ဦးအောင်ကျော်ဆန်း (၄၅)နှစ်သည် ၎င်း၏ သမီးဖြစ်သူ မစုမြတ်သော်တာ (၁၉)နှစ်နှင့်အတူ ပိုးသတ်ဆေးဖြန်းရန် လယ်ထဲသို့သွားစဉ် အ ခင်းဖြစ်နေရာအရောက်၌ အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
"ရှမ်းဒိုးတန်းရွာက ကြံ့ခိုင်ရေးပါတီဝင်၊ ပြည်သူ့စစ် ဦးအောင်ကျော်ဆန်း နဲ့ သူ့သမီး မစုမြတ်သော်တာ အပစ်ခံရတာ ။ လယ်ထဲမှာ ပိုးသတ်ဆေးဖြန်းဖို့သွားတုန်း ပဲခူးစုရွာ နှင့် ပုဂံကွဲကြားမှာ အပစ်ခံရတယ်ပြောတယ်" လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက NSS ကို ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးအောင်ကျော်ဆန်းသည် ကျည်ထိမှန် ဒဏ်ရာ(၃)ချက်ရရှိရာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် မစုမြတ်သော်တာတွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ပဲခူးမြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက် လက်ရှိအချိန်ထိ ပြည်ခိုင်ဖြိုးပါတီဝင်၊ ထောက်ခံသူ နှင့် အားပေးသူ (၃၀၀၀)ဝန်းကျင်ခန့်သည် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းခံထားရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခင်ပွန်းဖြစ်သူကဇနီးကို ဓားဖြင့်အချက်ပေါင်းများစွာထိုးခုတ်ပြီးနောက် ရေတွင်းထဲသို့ခုန်ချအဆုံးစီရင်ရန် ကြိုးပမ်းမှု ပြင်ဦးလွင်မြို့၌ ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ