ခင်ပွန်းဖြစ်သူကဇနီးကို ဓားဖြင့်အချက်ပေါင်းများစွာထိုးခုတ်ပြီးနောက် ရေတွင်းထဲသို့ခုန်ချအဆုံးစီရင်ရန် ကြိုးပမ်းမှု ပြင်ဦးလွင်မြို့၌ ဖြစ်ပွား
သန့်ဇင် (NSS) - ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် လူမှုရေးကိစ္စကြောင့် စကားများရာမှ ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခုတ်ပြီးနောက် ရေတွင်းထဲခုန်ချကာ အဆုံးစီရင်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူက NSS သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်သည် ယနေ့(ဇန်နဝါရီလ ၁၆ ရက်)၊ နံနက်ပိုင်း ၅ နာရီအချိန်က ပြင်ဦးလွင်မြို့၊ နောင်ခမ်းကြီးရပ်၊ ရပ်ကွက်ကြီး (၂၀) ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လူမှုရေးကိစ္စကြောင့် ယောက်ျားက ဓားနဲ့ခုတ်တာပါ။ လည်ပင်းတွေ ခေါင်းတွေနဲ့ လက်တွေမှာလည်း ဓားဒဏ်ရာတွေချည်းပဲ။ ပြီးတော့ သူကိုယ်တိုင်ကလည်း ရေတွင်းထဲခုန်ချသွားတာ”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတွင် ဦးခေါင်း၊ လည်ပင်း နှင့် လက်တို့၌ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ကောင်မလေးကငယ်ငယ်လေးပါ။ အသက်(၁၈)နှစ်ပဲရှိသေးတယ်။ ဒဏ်ရာတွေကအများကြီးပါ။ ကောင်လေးကတော့ (၂၅) နှစ်လောက်ပေါ့။ ရေတွင်းထဲခုန်ချတဲ့ ကောင်လေးကိုတော့ အနီးနားကလူတွေက အကယ်မြန်လို့ သေတော့မသေဘူး” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
စိုးရိမ်ရသည့်အခြေအနေဖြင့် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သည့် အမျိုးသမီးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး အမျိုးသားဖြစ်သူကို ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကာ ပြစ်မှုကျုးလွန်သူကို ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အထက်ပါ လူမှုကူညီရေးအသင်းထံမှ စုံစမ်းသိရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာကျော်နည်းပြတစ်ဦးဖြစ်တဲ့မော်ရင်ဟိုကို ရိုးမားအသင်း ရာထူးက ထုတ်ပယ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း