မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယားကြား ပြန်လည်ပေါင်းစည်းရေးအဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၆
မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယား နဲ့ ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမယ့်အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး မြောက်ကိုရီးယားပိုင်နက် တစ်လက်မကို ကျူးကျော်ရုံနဲ့ တောင်ကိုရီးယားကို တိုက်ခိုက်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က ၎င်းအနေနဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံကြားရှိ ရေကြောင်းနယ်နိမိတ်ကို အသိအမှတ်မပြုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တောင်ကိုရီးယားကို သိမ်းပိုက်ရယူခွင့်ပေးမယ့်အချက်တွေကို ပြင်ဆင်ပြောင်းလဲသွားရမှာဖြစ်ကြောင်း ပြောပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလက်ကတော့ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယား နိုင်ငံဟာ ရန်စမှုတွေလုပ်ဆောင်နေပြီး အချိန်မရွေးအကောင်းဆုံးပုံစံမျိုးနဲ့တုံ့ပြန်သွားဖို့ ပြင်ဆင်ရမယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်မှာ စစ်ဘက်သုံးဂြိုလ်တုကို အောင်မြင်စွာလွှတ်တင်ခဲ့ပြီးနောက် တောင်ကိုရီးယားနဲ့ချုပ်ဆိုထားတဲ့ ၂ဝ၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်တွေကို ဆိုင်းငံ့ခဲ့ရာ နယ်စပ်ဒေသ အခြေအနေတွေ တင်းမာလာခဲ့ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က တောင်ကိုရီးယားနိုင်ငံကို ရန်လိုတဲ့နိုင်ငံအဖြစ် ပြင်ဆင်ပြောင်းလဲတာတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိက ရန်ဘက်နိုင်ငံဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က ပြောဆိုထားပြီး ပိုင်နက်တွေကို ကျူးကျော်လာမယ်ဆိုရင် တောင်ကိုရီးယားနဲ့ စစ်ရေးထိပ်တိုက်တွေ့ဆုံတော့မှာဖြစ်ကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖုန်းအားသွင်းနေစဉ် ဖုန်းသုံးရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကာ လူ(၃)ဦးထိခိုက်ဒဏ်ရာရရှိမှု မြစ်ကြီးနားမြို့၌ ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ