ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ၏ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းကို ပယ်ဖျက်လိုက်ကြောင်း UEC ကြေညာ
မျိုးကြီး (NSS) - ဇန်နဝါရီ ၁၆
ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ၏ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းကို ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ကြေညာထားသည်။
ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့(ဇန်နဝါရီလ ၁၅ ရက်)ညပိုင်းတွင် အထက်ပါကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ(DNOP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည် ထောင်မှတ်ပုံတင်ခွင့်ကို ရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။
ထိုသို့လျှောက်ထားမှုအရ ကော်မရှင်အနေဖြင့် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီကို မှတ်ပုံတင်ခွင့်စိစစ်နေဆဲအချိန်တွင် ပါတီခေါင်းဆောင်ဖြစ်သူသည် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ဦးတင်မောင်ဦးသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်တွင် ကွယ်လွန်သွားသည့်အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းမှ ပယ်ဖျက်ပေးရန် သက်ဆိုင်ရာပါတီက ကော်မရှင်ထံ တင်ပြခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အစည်းအဝေးဆုံးဖြတ်ချက်အရ ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၏ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းကို ဇန်နဝါရီလ ၁၅ ရက်တွင် ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
လက်ရှိနစကအစိုးရလက်ထက်တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီမှတ်ပုံတင်ခွင့် လျှောက် ထားသည့်ပါတီများအနက် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့် မြိုတိုင်းရင်းသားပါတီတို့၏ မှတ်ပုံတင်ခွင့်ပြုချက်ကို ကော်မ ရှင်က ပယ်ဖျက်ထားသည်။
ယခုအချိန်ထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ရွေးကောက်ပွဲကော်မရှင်၏ မှတ်ပုံတင်ခွင့်ပြုချက်ရရှိထားသော ပါတီပေါင်းမှာ (၄၅)ပါတီရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယားကြား ပြန်လည်ပေါင်းစည်းရေးအဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ