ဆီးရီးယား နဲ့ အီရတ်နိုင်ငံရှိ ကာဒစ်လက်နက်ကိုင်အုပ်စုတွေရဲ့စစ်ရေးဆိုင်ရာနေရာပေါင်း ၂၄ ခုကို တူရကီစစ်တပ် တိုက်ခိုက်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၅
အရှေ့အလယ်ပိုင်းအရေးတင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ တူရကီစစ်တပ်ဟာ ဆီးရီးယား နဲ့ အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာဒစ်စစ်သွေးကြွအုပ်စုတွေကို တူရကီစစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
တူရကီကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါတိုက်ခိုက်မှုအတွင်း ကာဒစ်စစ်သွေးကြွအဖွဲ့ရဲ့စစ်ရေးပစ်မှတ် ၂၄ ခုကို တိုက်ခိုက်ခဲ့ပြီး စစ်သွေးကြွအများအပြား သုတ်သင်နိုင်ခဲ့ကြောင်း သိရပါတယ်။ တူရကီစစ်တပ်ဟာ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းအပြင် အီရတ်နိုင်ငံမြောက်ပိုင်းရှိ Metina, Hakurk, Gara, Asos နဲ့ Qandil ဒေသတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဲဒီတိုက်ခိုက်မှုအတွင်း စစ်သွေးကြွအုပ်စုတွေ အသုံးပြုနေတဲ့ သိုလှောင်ရေးစခန်းတွေ၊ ဘန်ကာတွေနဲ့ ဓါတ်ငွေ့ထုတ်လုပ်နေတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။
တူရကီစစ်တပ်ဟာ ဇန်နဝါရီ ၁၂ ရက်က ကာဒစ်လက်နက်ကိုင်အုပ်စုတွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် တူရကီစစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ တူရကီစစ်တပ်ဟာ ၎င်းတို့စစ်သားတွေ ကျဆုံးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဆီးရီးယားနဲ့ အီရတ်နိုင်ငံရှိ ကာဒစ်လက်နက်ကိုင်အုပ်စုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
တူရကီအစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ကာဒစ်အုပ်စုတွေကို အမေရိကန်၊ ဥရောပသမဂ္ဂတို့က ကူညီပေးနေကြောင်း သိရပါတယ်။ တူရကီအစိုးရဟာ ကာဒစ်လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အုပ်စု သတိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ