အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အုပ်စု သတိပေး
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၅
ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အုပ်စုတွေက ၎င်းတို့အနေနဲ့ အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်စစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဟူသီလက်နက်ကိုင်အုပ်စုအခြေစိုက်နေတဲ့ ယီမင်နိုင်ငံကို တိုက်ခိုက်ခဲ့ရာ တင်းမာမှုအရှိန်မြင့်တက်နေကြောင်း သိရပါတယ်။ ပင်လယ်နီဒေသကဖြတ်သန်းနေတဲ့ ကုန်စည်သင်္ဘောတွေကို ဟူသီလက်နက်ကိုင်အုပ်စုတွေက တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်အစိုးရဟာ ဟူသီလက်နက်ကိုင်အုပ်စုကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကိုယ်တိုင်က ဟူသီလက်နက်ကိုင်အုပ်စု အပါအဝင် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အုပ်စုတွေကိုကူညီထောက်ပံ့ပေးနေတဲ့ အီရန်နိုင်ငံကို သီးသန့်သတိပေးခဲ့ကြောင်း သိရပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စုကတော့ အမေရိကန်ရဲ့တိုက်ခိုက်ခံရမှုတွေကို ထိရောက်တဲ့လက်တုံ့ပြန်မှုတွေ လုပ်ဆောင်မယ်လို့ သတိပေးထားပါတယ်။
ဟူသီလက်နက်ကိုင်အုပ်စုပြောရေးဆိုခွင့်ရှိသူ Nasruldeen Amer က " အမေရိကန်ရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့တုံ့ပြန်မှုတွေလုပ်ဆောင်သွားမယ်။ ယီမင်နိုင်ငံရှိ စခန်းတွေ ကိုအမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ပေမယ့် အာရေဗီယံပင်လယ် နဲ့ ပင်လယ်နီဒေသက ဖြတ်သန်းနေတဲ့ ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်နေတာတွေကို ဟန့်တားနိုင်မှာ မဟုတ်ဘူး။ အဲဒီတိုက်ခိုက်မှုတွေအပေါ်လည်း သက်ရောက်မှုတွေရှိလာမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
ဟူသီလက်နက်ကိုင်အုပ်စုတွေရဲ့တိုက်ခိုက်မှုတွေကြောင့် ပင်လယ်နီဒေသက ဖြတ်သန်းတဲ့ ကုန်စည် သင်္ဘောအရေအတွက် လျော့နည်းသွားခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့တဲ့ ပြည်တွင်းနှင့် ပြည်ပက သတင်းများ စုစည်းတင်ဆက်မှု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ