လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်နေခြင်းနှင့် ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံအတွက် အန္တရာယ်များလာနိုင်ဟု တပ်ချုပ်သတိပေး
မျိုးကြီး (NSS) - ဇန်နဝါရီ ၁၅
လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်နေခြင်းနှင့် ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံအတွက် အန္တရာယ်များလာနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (ဇန်နဝါရီလ ၁၅ ရက်)တွင် ကျရောက်သည့် (၇၂)နှစ် မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ သဝဏ် လွှာပေးပို့ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကရင်နီပြည်နယ်သည် မြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ်ပါဝင်ခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရာ၌ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင်ပြောင်းလဲခေါ်ဆိုခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မြို့ရွာများကို တိုက်ခိုက်ခြင်း၊ လမ်းပန်းဆက် သွယ်ရေး ကုန်စည်စီးဆင်းမှုပြတ်တောက်ရန် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ထားသည်ဟု နစကမှ ဆိုသည်။
ထို့ပြင် အများပြည်သူပိုင် မော်တော်ယာဉ်များ၊ အဆောက်အအုံများ၊ ဈေးများကို ဖျက်ဆီးသည့်အပြင် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများ နှင့် ရုံးအဆောက်အအုံများကိုလည်း ဖျက်ဆီးမှုများရှိခဲ့ပြီး ၎င်းလုပ်ရပ်များသည် အကျည်းတန်ရုပ်ဆိုးကာ လူထုကို ဒုက္ခရောက်စေကြောင်းလည်း နစကဥက္ကဋ္ဌက ပြောသည်။
ကယားပြည်နယ်အပါအဝင် အထူးသဖြင့် တိုင်းရင်းသားများနေထိုင်ရာဒေသများ၌ လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်နေခြင်း၊ ဆူပူအကြမ်းဖက်ခြင်း နှင့် ဖျက်ဆီးနှောင့်ယှက်မှုများကြောင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် ဒုက္ခများစွာ ခံစားနေကြရသည်ဟု တပ်ချုပ်က ပြောသည်။
၎င်းအခြေအနေများသည် နိုင်ငံအတွက် အန္တရာယ်များလာနိုင်သည့်အတွက် သက်ဆိုင်သူအားလုံးနှင့် တိုင်း ရင်းသား ပြည်သူအားလုံးအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးကို အလေးထားစဉ်းစားဆောင်ရွက်သင့်ပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌက ထပ်မံပြောသည်။
ထို့ပြင် လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသည့် အခက် အခဲများနှင့် ကြမ်းတမ်းခက်ထန်မှုများအတွက် အဓိကကျသော အဖြေသည် အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ကယားလက်နက်ကိုင်ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက်တွင် (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် လွိုင်ကော်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပြည်သူ ပိုင်အိမ်၊ ဌာနဆိုင်ရာအဆောက်အအုံနှင့် လမ်းတံတားများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယား နဲ့ အီရတ်နိုင်ငံရှိ ကာဒစ်လက်နက်ကိုင်အုပ်စုတွေရဲ့စစ်ရေးဆိုင်ရာနေရာပေါင်း ၂၄ ခုကို တူရကီစစ်တပ် တိုက်ခိုက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ