ခရိုင်(၃၄)ခု၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်း ကျောင်း(၃၄) ကျောင်းထပ်မံဖွင့်လှစ်မည်
ယွန်း (NSS) - ဇန်နဝါရီ ၁၄
၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင် ခရိုင်(၃၄)ခု၌ စက်မှု၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်း(၃၄)ကျောင်းထပ်မံဖွင့်လှစ်မည်သွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ယနေ့ (ဇန်နဝါရီလ ၁၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
နစက၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်း သူများအားလုံး အလယ်တန်းဆင့်(Grade 9) ပြီးမြောက် အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာ ရပ်များကို သင်ယူနိုင်ရန် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင်(၅၀)၌ အခြေခံပညာအထက်တန်းကျောင်း (၅၁) ကျောင်းဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။
ထို့ပြင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင်လည်း ခရိုင် (၃၄)ခရိုင်၌ စက်မှု၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးအတတ် ပညာများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာ အထက်တန်းကျောင်း (၃၄)ကျောင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက အသိပေးထားသည်။
ထို့ကြောင့် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်း သူများသည် အထက်တန်းဆင့် သင်ယူနေစဥ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ယူနိုင်မည့် အခွင့်အလမ်းများ နှင့် အလုပ်အကိုင်အခွင့်အ လမ်းများလည်း ရရှိလာမည်ဖြစ်သည်။
အဆိုပါအခြေခံပညာအထက်တန်းကျောင်းများကို အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက် သင် ယူနိုင်ရေးအတွက် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်၍ အခြေခံပညာအလယ်တန်းဆင့်(Grade 9) ပြီး မြောက်အောင်မြင်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာအထက်တန်းဆင့် အပါအ ဝင် စက်မှုနည်းပညာ ၊ စိုက်ပျိုးရေးအတတ်ပညာ နှင့် မွေးမြူရေးအတတ်ပညာ စသည့်ပညာရေး (၄) မျိုးကို ရွေးချယ်သင်ယူနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်နေခြင်းနှင့် ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံအတွက် အန္တရာယ်များလာနိုင်ဟု တပ်ချုပ်သတိပေး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း