ဟားမက်စ်အုပ်စုက ဆွီဒင်နိုင်ငံရှိ အစ္စရေးသံရုံးကိုတိုက်ခိုက်ဖို့ စီစဉ်နေကြောင်း မောဆက် ထောက်လှမ်းရေးအဖွဲ့ပြော
ဂျန်ဇက် (NSS)- ဇန်နဝါရီ ၁၄
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ ဆွီဒင်နိုင်ငံရှိ အစ္စရေးသံရုံးကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့ကြောင်း အစ္စရေး ထောက်လှမ်းရေးအဖွဲ့ မောဆက်အဖွဲ့က ပြောပါတယ်။
မောဆက်အဖွဲ့က ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ ဥရောပနိုင်ငံတွေမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ အစီအစဉ်တွေ လုပ်ဆောင်နေကြောင်း၊ ကွန်ရက်တွေလည်း ဖွဲ့စည်းထားကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့လက နယ်သာလန်၊ ဒိန်းမတ် နဲ့ ဂျာမနီနိုင်ငံတို့မှာ ဂျူးလူမျိုးအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ သံသယရှိသူ ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် မောဆက်အဖွဲ့က အခုလိုမျိုးသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မောဆက်အဖွဲ့က "ဟားမက်လက်နက်ကိုင်အုပ်စုတွေဟာ ကမ္ဘာတဝန်းမှာ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်ဖို့ အကြမ်းဖက်လုပ်ရပ်တွေကို တိုးချဲ့လုပ်ဆောင်နေတယ်။ ဟားမက်စ်အုပ်စုဟာ ဆွီဒင်နိုင်ငံရှိ အစ္စရေးသံရုံးကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်။ ဒရုန်းတွေလည်း ဝယ်ယူခဲ့တယ်။ ဟားမက်စ်အဖွဲ့ဟာ ဥရောပတိုက်အတွင်းရှိ အကြမ်းဖက်အဖွဲ့အစည်းတွေကိုလည်း ကူညီထောက်ပံ့ပေးဖို့ စီစဉ်နေတယ်" လို့ ပြောပါတယ်။
အစ္စရေးဟာ ဟားမက်စ်အဖွဲ့ကိုတိုက်ခိုက်ဖို့ ဂါဇာဒေသကို တိုက်ခိုက်နေတာဟာ ဒီဇင်ဘာ ၁၃ ရက်မှာ ရက်ပေါင်း ၁ဝဝ ပြည့်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ်တိုက်ခိုက်မှုတွေကို ရပ်တန့်မှာ မဟုတ်သေးဘဲ ဆက်လက်တိုက်ခိုက်သွားဖွယ်ရှိနေပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဂါဇာဒေသအပေါ်ပြုလုပ်တဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိနေမှာဖြစ်ကြောင်း၊ ဟားမက်စ်အဖွဲ့ရဲ့အစ္စရေးနိုင်ငံအပေါ် ခြိမ်းခြောက်မှုတွေမရှိချိန်အထိ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငါန်းဇွန်မြို့နယ်၌ မိသားစုဝင်(၃)ဦးကို PDF အဖွဲ့က ဓား၊ သေနတ်တို့ဖြင့် ထိုးခုတ်ပစ်ခတ်သတ်ဖြတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ