ငါန်းဇွန်မြို့နယ်၌ မိသားစုဝင်(၃)ဦးကို PDF အဖွဲ့က ဓား၊ သေနတ်တို့ဖြင့် ထိုးခုတ်ပစ်ခတ်သတ်ဖြတ်
NSS - ဇန်နဝါရီ ၁၄
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် မိသားစုဝင်(၃)ဦးကို PDF အဖွဲ့က ဓား၊ သေနတ်တို့ဖြင့် ထိုးခုတ်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦအောင်ရင်(၇၀)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ခင်စန်းရင်(၆၃)နှစ် နှင့် ၎င်းတို့၏သားဖြစ်သူ ဦးအေးငြိမ်းလင်း (၄၂)နှစ်တို့သည် နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင်(၆)ဦးက ဆိုင်ကယ်(၃)စီးဖြင့် ရောက်ရှိလာကာ သေနတ်၊ ဓားတို့ဖြင့် ပစ်ခတ်၊ ထိုးခုတ် သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သတ်ဖြတ်ခံရမှုကြောင့် ဦးအောင်ရင်တွင် လည် ပင်းပြတ်ရှဒဏ်ရာတစ်ချက်၊ ဝဲလက်မပြတ်ဒဏ်ရာတစ်ချက် နှင့် ဒေါ်ခင်စန်းရင်တွင်လည်း လည်ပင်းထိုးသွင်းဒဏ်ရာတစ်ချက်အပြင် ဦးအေးငြိမ်းလင်း၌ ဦးခေါင်းငယ်ထိပ်ပွင့်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူများ၏ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းမှ ငါန်းမြာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်လက်နက်ကိုင်အုပ်စုကို နိုင်ပွဲရချိန်အထိ ဆက်တိုက်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ထပ်မံပြောဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း