ဟားမက်စ်လက်နက်ကိုင်အုပ်စုကို နိုင်ပွဲရချိန်အထိ ဆက်တိုက်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ထပ်မံပြောဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၄
အစ္စရေးနိုင်ငံဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အပြီးတိုင်အနိုင်ရချိန်အထိ စစ်ပွဲ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို ကြိုတင်သတိပေးချက်မရှိဘဲ အောက်တိုဘာ ၇ ရက်မှာ စတင် တိုက်ခိုက်ခဲ့ရာ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေး နဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ လက်ရှိအချိန်မှာ ရက်ပေါင်း ၁ဝဝ ရှိနေပြီး အစ္စရေးက စစ်ပွဲကို ဆက်လက်တိုက်ခိုက်သွားဖို့ စီစဉ်နေပါတယ်။
အစ္စရေးဟာ လက်ရှိအချိန်မှာ စစ်ရာဝတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရပြီး နိုင်ငံတကာတရားရုံးမှာ တောင်အာဖရိက နိုင်ငံရဲက တရားစွဲဆိုခြင်းကို ရင်ဆိုင်နေရပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု က "ဂါဇာဒေသ တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ ပုံမှန်လုံခြုံရေးရယူနိုင်ချိန်အထိ လုပ်ဆောင်သွားမယ်။ အစ္စရေးနိုင်ငံကို ဘယ်သူမှ ရပ်တန့်လို့မရဘူး။ နိုင်ငံတကာတရားရုံးလည်း အစ္စရေးနိုင်ငံကို ရပ်တန့်လို့မရဘူး။ မိစ္ဆာဝင်ရိုးတန်းအဖွဲ့လည်း တားဆီးလို့မရဘူး။ ဘယ်သူမှ အစ္စရေးကို တားဆီးလို့ရနိုင်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
အစ္စရေးအစိုးရက ၎င်းတို့ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေကိုသာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ပါလက်စတိုင်း ပြည်သူတွေကို တိုက်ခိုက်ခြင်းမျိုးမရှိကြောင်း အစ္စရေးအစိုးရက ပြောပါတယ်။ ဂါဇာစစ်ပွဲဟာ အစ္စရေးနိုင်ငံ တစ်နိုင်ငံတည်း သက်ဆိုင်တဲ့စစ်ပွဲမဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံနဲ့လည်း ဆက်နွယ်နေကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁၂ဝဝဝ ကျော် သေဆုံးထားပေမယ့် အစ္စရေးအစိုးရက သေဆုံးသူတွေထဲမှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဝင် အနည်းဆုံး ၇ဝဝဝ ကျော် ပါဝင်နေတယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုသလမဂ္ဂအနေဖြင့် ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန် မျှော်မှန်းထားသည့်အတိုင်း မလုပ်နိုင်ခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ