နစကမှ ဟိုပန် နှင့် ပန်လုံဒေသတို့ကို “ဝ”အဖွဲ့ UWSA ထံ လွှဲပြောင်းပေးအပ်ရန် သဘောတူခဲ့ဟုဆို
မြူနစ် (NSS) - ဇန်နဝါရီ ၁၄
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကသည် ဟိုပန် နှင့် ပန်လုံဒေသတို့ကို “ဝ” လက်နက်ကိုင်အဖွဲ့ UWSA ထံ လွှဲပြောင်းပေးအပ်ရန် သဘောတူခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
“ဝ”လက်နက်ကိုင်အဖွဲ့ UWSA သည် ယမန်နေ့ (ဇန်နဝါ ရီလ ၁၃ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)/ “ဝ”လက်နက်ကိုင်အဖွဲ့ UWSA သည် ပြည်ထောင်စုအစိုးရထံ၌ ဟိုပန် နှင့် ပန်လုံဒေသကို လွှဲပြောင်းပေးရန် နှစ်ပေါင်းများစွာ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဟိုပန် နှင့် ပန်လုံဒေသကို UWSA ထံ လွှဲပြောင်းပေးအပ်ရန် သဘောတူညီခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပန် နှင့် ပန်လုံတို့သည် အစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ဒေသများဖြစ်သည်။
အဆိုပါ ဟိုပန်နှင့် ပန်လုံဒေသရှိ တပ်မတော်၏ လုံခြုံရေးစခန်းများကို MNDAA၊ TNLA၊ AA မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့သည် ပြီးခဲ့သော ဇန်နဝါရီလ ၅ ရက်တွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် UWSA ထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟုလည်း “ဝ” အဖွဲ့က သတင်းထုတ်ပြန်ခဲ့ဖူးသည်။
သို့သော် အထက်ပါအကြောင်းကိစ္စများနှင့်ပတ်သက်၍ နစကအစိုးရဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ရွေးကောက်ပွဲမှာ အာဏာရပါတီအနိုင်ရပြီး တရုတ်နိုင်ငံနဲ့ ရန်သူတွေမဖြစ်လိုကြောင်း ထိုင်ဝမ်သမ္မတ အသစ်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ