ထိုင်ဝမ်ရွေးကောက်ပွဲမှာ အာဏာရပါတီအနိုင်ရပြီး တရုတ်နိုင်ငံနဲ့ ရန်သူတွေမဖြစ်လိုကြောင်း ထိုင်ဝမ်သမ္မတ အသစ်ပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၄
ထိုင်ဝမ်အာဏာရပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ Lai Ching-te ဟာ ဇန်နဝါရီ ၁၃ ရက်က ကျင်းပတဲ့ ထိုင်ဝမ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံက ဖိအားပေးမှုတွေရှိနေချိန်မှာ ကျင်းပခဲ့တဲ့ ထိုင်ဝမ်ရွေးကောက်ပွဲဟာ ထိုင်ဝမ်ပြည်သူတွေအတွက် အဓိကအရေးပါတဲ့ရွေးကောက်ပွဲဖြစ်ခဲ့ပြီး၊ ရွေးကောက်ပွဲမှာ အနိုင်ခဲ့တဲ့ Lai Ching-te ဟာ ထိုင်ဝမ်ကို တရုတ် လက်အောက်က ခွဲထွက်ဖို့ လိုလားနေသူတစ်ဦးဖြစ်ကြောင်း သိရပါတယ်။
ထိုင်ဝမ်အာဏာရပါတီဖြစ်တဲ့ (DPP) ပါတီဟာ ကမ္ဘာတဝန်းမှာ ဒီမိုကရေစီဖြစ်လာစေဖို့ အမြဲတမ်းရပ်တည်သွားမှာ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ သမ္မတအသစ်အဖြစ် ရွေးချယ်ခံရသူ Lai Ching-te က "တရုတ်နိုင်ငံနဲ့ ရန်သူ တွေဖြစ်ဖို့ မလိုလားပါဘူး။ တရုတ်နိုင်ငံ နဲ့ မိတ်ဆွေတွေပဲ ဖြစ်လိုတာပါ" လို့ ပြောပါတယ်။
ဒါပေမယ့် တရုတ်အစိုးရက ထိုင်ဝမ်သမ္မတအသစ်အဖြစ် ရွေးချယ်ခံရသူကို ငြိမ်းချမ်းရေးကို ခြိမ်းခြောက်သူ၊ ခွဲထွက်ရေးအတွက် အန္တရာယ်ရှိစေသူအဖြစ် ယခင်တုန်းက ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။ ထိုင်ဝမ် ရွေးကောက်ပွဲပြီး ချိန်မှာ တရုတ်အစိုးရက ထိုင်ဝမ် နဲ့ ပြန်လည်ပေါင်းစည်းရေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ထိုင်ဝမ်ရေးရာရုံးပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Chen Binhua က ထိုင်ဝမ်ရွေးကောက်ပွဲဟာ တရုတ်နဲ့ ထိုင်ဝမ်ကြား ပြန်လည်ပေါင်းစည်းရေကို တားဆီးလို့ရနိုင်မှာ မဟုတ်ကြောင်း၊ ရွေးကောက်ပွဲရလဒ်က (DPP) ပါတီဟာ ထိုင်ဝမ်ကျွန်းတစ်ခုလုံးကို ကိုယ်စားပြုတာမျိုးမဟုတ်ဘူးဆိုတာကို ပြသနိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
Lai Ching-te ဟာ ထိုင်ဝမ်ဒုတိယသမ္မအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး (DPP)ပါတီကိုယ်စားပြုကာ ရွေးကောက်ပွဲ ကို ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရွေးကောက်ပွဲမှာ Lai Ching-te က ဆန္ဒမဲအားလုံးရဲ့ ၄ဝ ဒသမ ဝ၅ ရာခိုင်နှုန်း၊ Kuomintang's (KMT ပါတီအကြီးအကဲ Mr Hou Yu-ih က ရွေးကောက်ပွဲမှာဆန္ဒမဲပေါင်း ၃၃ ဒသမ ၄၉ ရာခိုင်နှုန်း နဲ့ Taiwan People's Party's (TPP) ပါတီရဲ့ခေါင်းဆောင်ဖြစ်သူ Ko Wen-je က ဆန္ဒမဲပေါင်း ၂၇ ရာခိုင်နှုန်းနီးပါး ရရှိခဲ့ကြောင်း ထိုင်ဝမ်ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ အိမ်စီးကားတစ်စီးအရှိန်လွန်တိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ