အိန္ဒိယနှင့်မြန်မာနယ်စပ်ဒေသ အခြေအနေများကိုအနီးကပ်စောင့်ကြည့်နေရဟု အိန္ဒိယဗိုလ်ချုပ်ကြီးပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၃
အိန္ဒိယစစ်တပ်သည် ၎င်းတို့ပိုင်နက်အတွင်းသို့ ဝင်ရောက်လာခဲ့သော မြန်မာတပ်မတော်သား ၄၁၆ ဦးကို နိုင်ငံအတွင်းရက်အတန်ကြာခိုလှုံခွင့်ပေးခဲ့ပြီးနောက်မိခင်နိုင်ငံဘက်ခြမ်းကို ပြန်ပို့ခဲ့ကြောင်း အိန္ဒိယ စစ်တပ်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး Manoj Pande ကထုတ်ဖော်ပြောဆိုလိုက်သည်။
လက်ရှိအချိန်တွင်လည်း အိန္ဒိယ-မြန်မာနယ်စပ်ဒေသအခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း ၎င်းကဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သောနှစ် အောက်တိုဘာလနောက် ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့သည် တပ်မတော်စခန်းများကို စတင်တိုက်ခိုက်ခဲ့ရာမှ မြန်မာနိုင်ငံအတွင်းရှိနယ်စပ်ဒေသများတွင် တိုက်ပွဲများပြင်းထန်လာခဲ့ရာ မြန်မာတပ်မတော်သားများ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်ဆုတ်ခွာခဲ့ကြောင်း အိန္ဒိယသတင်းများက ဖော်ပြထားသည်။
အိန္ဒိယ ဗိုလ်ချုပ်ကြီး Manoj Pande က" အိန္ဒိယနဲ့ မြန်မာနယ်စပ်ဒေသအခြေအနေတွေက စိုးရိမ်ရတဲ့အခြေအနေမျိုးတွေရှိနေတဲ့အတွက် နယ်စပ်ဒေသအနီးအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်။ လက်နက်ကိုင်အဖွဲ့အစည်းအချို့ဟာ မဏိပူရပြည်နယ်အတွင်းဝင်ရောက်ဖို့ ကြိုးပမ်းတာတွေအပြင် နိုင်ငံနယ် စပ်ဒေသတွေကို ဖိအားပေးဖို့ ကြိုးပမ်းတာတွေရှိနေတယ်လို့ ခံစားမိတယ်။ အိန္ဒိယ-မြန်မာနယ်စပ်ဒေသ ဖြတ်သန်းသွားလာမှုနဲ့ပတ်သက်ပြီး အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ရမယ်"ဟု ပြောသည်။
အိန္ဒိယစစ်တပ်သည် ၎င်းတို့ပိုင်နက်အတွင်း ဝင်ရောက် လာသော မြန်မာတပ်မတော်သားများကို တပ်မတော်ရဟတ်ယာဉ်များဖြင့် မိခင်နိုင်ငံဘက်ခြမ်းသို့ ပြန်နိုင်ရန် ကူညီပေးခြင်းများရှိခဲ့ကြောင်း အိန္ဒိယသတင်းများတွင်ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုံရွာ-မန္တလေးကားလမ်း၌ Mini Bus မှ အရှိန်မထိန်းနိုင်ဘဲ (၆)ဘီးကားနောက်ပိုင်းကို ဝင်တိုက်မိရာ အမျိုးသား (၂)ဦးထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ