မြန်မာ့သမိုင်းဝင် ကွေ့ချောင်းခံတပ်ကြီး၌ ကမ္ဘာလှည့်ခရီးသွားများအဆင်ပြေစေရန်အတွက် Base Camp များ တည်ဆောက်သင့်ဟုဆို
ယွန်း (NSS) - ဇန်နဝါရီ ၁၃
မြန်မာ့သမိုင်းဝင် ကွေ့ချောင်းခံတပ်ကြီး၌ ကမ္ဘာလှည့်ခရီးသွားများအဆင်ပြေစေရေးအတွက် Base Camp များ တည်ဆောက်သင့်ကြောင်း ရှေးဟောင်း သုတေသနပညာရှင်အသိုင်းအဝိုင်းက အကြံပြုပြောကြားထားသည်။
မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် အဆိုပါကွေ့ချောင်းခံတပ်ကြီးသည် ပုဂံဒေသတွင် တည်ရှိပြီး သုံးနှစ်ကြာအောင်တည်ဆောက်ခဲ့ရသည့် ခံတပ်ကြီးဖြစ်သည်။
လက်ရှိတွင် အဆိုပါခံတပ်ကြီး၌ အများသုံးသန့်စင်ခန်းများမရှိသည့်အတွက် လာရောက်လည်ပတ်သူများအနေ ဖြင့် ကြုံရာနေရာများတွင် အပေါ့၊ အလေး သွားခြင်းများနှင့် အမှိုက်ပစ်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“နိုင်ငံခြားမှာဆိုရင် တော်တော်လေးကိုစိတ်ဝင်စားတဲ့နေရာပေါ့။ ကျွန်တော်တို့ဆီမှာကြတော့ ဒီတိုင်းကြီးပဲပစ်ထားသလိုဖြစ်နေတယ်။ အဲဒီမှာဆိုရင် toilet လည်းမရှိတော့ လူတွေကခံတပ်ကြီးထဲမှာပဲ အမှိုက်တွေပစ်ကြတာတို့၊ အလေးအပေါ့သွားကြတွေလည်းရှိတယ်။ အဲဒီတော့ နိုင်ငံခြားသားတွေလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာလည်းကျတယ်”ဟု သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ပုဂံဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ထို့ကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများအဆင်ပြေစေရန် နှင့် ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အဆိုပါသမိုင်းဝင်ခံတပ်ကြီးတွင် Base Camp များ တည်ဆောက်သင့်ကြောင်း ၎င်းက အကြုံပြုပြောကြားထားသည်။
“အဓိကကတော့ ဒီလိုနေရာမျိုးမှာ Base Camp လိုမျိုးဆောက်မယ်။ ပြီးရင် toilet လေးတွေလည်းဆောက်ပေးမယ်။ နောက်တစ်ခုက စားသောက်ဆိုင်လိုမျိုးဟာလေးတွေဖွင့်ပေးထားမယ်ဆိုရင် တွေ့ရာနေရာမှာ မစားတော့ဘူး၊ တွေ့ရာနေရာမှ အလေးအပေါ့မသွားကြတော့ဘူး။ သမိုင်းဝင်အဆောက်အဦးလည်းဖြစ်တယ်ဆိုတော့ ထိန်းသိမ်းသင့်တယ်လို့လည်းမြင်မိတယ်။ Base Camp လိုမျိုးတွေဆောက်ရင်တော့ ဒေသခံတွေအနေနဲ့လည်း အလုပ်အကိုင် အခွင့်အလမ်းတွေလည်းရလာနိုင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းခံတပ်ကြီးသည် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်သည့်နေရာထဲတွင်ပါဝင်ပြီး ကုန်းဘောင်ခေတ်တွင် တည်ဆောက်ခဲ့သည့် မြန်မာနိုင်ငံရှိ ခံတပ်ကြီးများထဲတွင် အကြီးဆုံးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း(၄၅၀၀)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ