တရုတ်နိုင်ငံက ဖိအားပေးမှုတွေရှိနေချိန်မှာပဲ အခက်အခဲတွေကြားကနေ ထိုင်ဝမ် သမ္မတရွေးကောက်ပွဲကို ပြုလုပ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၃
တရုတ်နိုင်ငံက ဖိအားပေးမှုတွေရှိနေချိန်မှာပဲ ထိုင်ဝမ်လူမျိုးတွေဟာ ယနေ့ (ဇန်နဝါရီလ ၁၃ ရက်)မှာ သမ္မတအသစ်ရွေးချယ်ဖို့ ဆန္ဒမဲတွေပေးခဲ့ကြောင်းသိရပါတယ်။
အဆိုပါရွေးကောက်ပွဲဟာ ထိုင်ဝမ်ပြည်သူတွေရဲ့အနာ ဂတ်နဲ့ပတ်သက်ပြီး အရေးပါတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်နေပြီး ရွေးကောက်ပွဲမှာ မှားယွင်းတဲ့ခေါင်းဆောင်မျိုးကိုရွေးချယ်မိမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ စစ်ပွဲဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ တရုတ်အစိုးရက ရွေးကောက်ပွဲမှာ သမ္မတဖြစ်ဖို့ အလားအလာအကောင်းဆုံးဖြစ်နေတဲ့ Lai Ching-te သမ္မတဖြစ်လာမယ်ဆိုရင် အန္တရာယ်ရှိတဲ့ခွဲထွက်မှုမျိုးတွေလုပ်ဆောင်လာဖွယ်ရှိနေကြောင်း၊ ထိုင်ဝမ် လွတ် လပ်ရေးရယူမယ့် လှုပ်ရှားမှုတွေကိုဖျက်ဆီးပစ်မှာဖြစ်ကြောင်း ဆိုပါတယ်။
Lai Ching-te ဟာ လက်ရှိအချိန်မှာ ထိုင်ဝမ်ဒုတိယသမ္မတအဖြစ်တာဝန်ယူနေသူဖြစ်ပြီး ရွေးကောက်ပွဲမှာ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ထိုင်ဝမ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ လူပေါင်း သန်း ၂၀ နီးပါးမဲပေးကြမှာဖြစ်ပြီး မဲရုံပေါင်း ၁၈၀၀၀ ကျော် ဖွင့်လှစ်ထားကြောင်းသိရပါတယ်။ မဲပေးမှုပြီးဆုံးမယ့်အချိန်ဟာ ဇန်နဝါရီလ ၁၃ ရက်၊ ညနေ ၄နာရီဖြစ်ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်ခင်က တည်းက အခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေပြီး ဖိအားပေးမှုတွေ၊ ကြားဝင်နှောင့်ယှက်ဟန့်တားမှုတွေလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန်အစိုးရကိုယ်တိုင်က တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်တာမျိုးမလုပ်သင့်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးခဲ့ပါတယ်။ ထိုင်ဝမ်ဟာ တရုတ်လက်အောက်ကခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူလိုပေမယ့် တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားရာ အငြင်း ပွားမှုတွေ၊ တင်းမာမှုတွေ ပိုမိုဖြစ်လာနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အောင်လံမြိုနယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ