အောင်လံမြိုနယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်
NSS - ဇန်နဝါရီ ၁၃
မကွေးတိုင်း၊ အောင်လံမြိုနယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် လုပ်ကြံသတ် ဖြတ်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၁၀ ရက်၊ ညနေ ၄နာရီအချိန်တွင် အောင်လံမြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာမှ ညောင်ပင်သာကျေရွာသွား မြေနီလမ်းပေါ်၌အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညောင်ပင်ဝိုင်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်နိုင် သည် ၎င်းနှင့်တစ်ရွာတည်းနေ ဦးမြရွှေနှင့်အတူ အောင် လံမြို့မှ ညောင်ပင်ဝိုင်းကျေးရွာသို့ ကျေးရွာအတွက်ရရှိသည့် စက်သုံးဆီများသွားရောက်ထုတ်ယူပြီး ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာစဉ် PDF အဖွဲ့ဝင်(၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့် နောက်မှလိုက်လာကာ အထက်ပါနေရာအရောက်၌ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းနိုင်၏ နှာခေါင်းဝဲဘက်နှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ အဆိုပါနေ့ နံနက် ၁၀ နာရီအချိန်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပင်လယ်ကျေးရွာ၊ ဆီမီးခုံ-နဘူးအိုင်သွားကားလမ်းပေါ်၌ အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
ဥဒယကျေးရွာတွင်နေထိုင်သည့် ဦးပြည့်သိန်းဦး(ခ)ကိုမဲ(၅၀)နှစ်သည် နွားကူးအိုင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားစဉ် PDF အဖွဲ့ဝင်(၃)ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် နောက်မှလိုက်လာကာ “ဒလန်”ဟု စွပ်စွဲပြောဆို၍ အထက်ပါနေရာအရောက်၌ သေနတ်ဖြင့် ပစ်ခတ်ကာ ဆိုင်ကယ်အားလုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးပြည့်သိန်းဦး(ခ)ကိုမဲတွင် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက်၊ ဆီးခုံကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်နှင့် နားရွက် (၂)ဖက်ပြတ်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူများအား သက်ဆိုင်ရာမြို့နယ်ပြည်သူ့ဆေးရုံများသို့ ပို့ဆောင်ထားရှိပြီး ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နမ့်ခမ်းမြို့နယ်တွင် စစ်ဘေးရှောင်နေရသည့်နေအိမ်များအတွင်းရှိ ပစ္စည်းများကို လက်နက်ကိုင်အဖွဲ့ဝင်အချို့က ယူဆောင်နေဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ