လျှပ်စစ်တာဝါတိုင်တစ်တိုင်လျှင် ငွေကျပ်သန်း(၃၀၀) နီးပါးကုန်ကျပြီး ဖျက်ဆီးခံခဲ့ရသည့် တာဝါတိုင်ပေါင်း (၉ဝ)နီးပါးရှိနေ
ယွန်း (NSS) - ဇန်နဝါရီ ၁၃
လျှပ်စစ်တာဝါတိုင်တစ်တိုင် တည်ဆောက်မှုအတွက် ပျမ်းမျှအနေဖြင့် ငွေကျပ်သန်း(၃၀၀)နီးပါး ကုန်ကျလျက်ရှိပြီး ဖျက်ဆီးခံခဲ့ရသည့် တာဝါတိုင်(၉၀) နီးပါးရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။
လျှပ်စစ်တာဝါတိုင်တစ်တိုင် တည်ဆောက်မှုအတွက် ပစ္စည်းခများ အပါအဝင် လုပ်အားခကုန်ကျစရိတ်များ စုစုပေါင်း ပျမ်းမျှတစ်တိုင်လျှင် မြန်မာကျပ်ငွေသန်း(၃၀၀) နီးပါး ကုန်ကျကြောင်း သိရသည်။
ထို့ပြင် အဆိုပါတာဝါတိုင်တစ်တိုင် တည်ဆောက်ရန်အတွက် ဖောင်ဒေးရှင်းလောင်းခြင်း(၁၅)ရက်ခန့် ကြာ မြင့်ပြီး တိုင်ဆင်ခြင်း(၄)ရက် နှင့် ကြိုးကြွေသီးတပ်ခြင်း (၁)ရက် စုစုပေါင်းရက်(၂၀)ခန့် ကြာမြင့်ကြောင်း လျှပ် စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
“တာဝါတိုင်ကြီးရဲ့တန်ဖိုးရော အဲဒီမှာတပ်တဲ့ကြိုးကြွေသီးတွေရောအကုန်ပါတယ်။ ပစ္စည်းရော၊ တည်ဆောက်ရေးစရိတ်ပါ အကုန်အပါ ပျမ်းမျှသန်း (၃၀၀)လောက်ကုန်ပါတယ်။ တာဝါတိုင်တွေရဲ့ တန်ချိန်က ပျမ်းမျှတစ်တိုင်ကို (၁၃)တန်၊ (၁၄)တန်လောက်ရှိတယ်။ ပြီးတော့ တပ်ရတဲ့ကြိုးတွေ ကြွေသီးတွေကလည်း ဈေးကြီးတယ်လေ” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်သမားများအနေဖြင့် ဓာတ်အားပို့လွှတ်ရေးလိုင်းများအား (၅၉)ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး လျှပ်စစ်တာဝါတိုင်ပေါင်း(၃၉)တိုင် ပြိုလဲပျက်စီးခဲ့ပြီး ပြင်ဆင်ရန် လျှပ်စစ်တာဝါတိုင်ပေါင်း(၃၃) တိုင် ကျန်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ မိုင်းထောင်ဖောက်ခွဲခံရသည့် လျှပ်စစ်တာဝါတိုင်ပေါင်း (၈၉)တိုင်ရှိပြီး စုစုပေါင်း (၁၁၈)ကြိမ် ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယူးယောက်တိုင်းမ်သတင်းဌာနကို လျော်ကြေးဒေါ်လာ(၄)သိန်းနီးပါးပေးချေဖို့ သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို တရားရုံးအမိန့်ချမှတ်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း