ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းရဲတပ်ဖွဲ့ဆေးရုံမှာ ဆက်လက်နေထိုင်ကုသခွင့်ပေးဖို့ ထိုင်းအကျဉ်းဦးစီးဌာနခွင့်ပြု
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၃
ထိုင်းအကျဉ်းဦးစီးဌာနဟာ ထိုင်းနိုင်ငံကိုပြန်လာပြီးချိန်ကတည်းက ကျန်းမာရေးပြဿနာကြောင့် ထိုင်းရဲဆေးရုံမှာတက်ရောက်ကုသနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းရဲဆေးရုံမှာပဲ ဆက်လက်နေထိုင်ခွင့်ပေးဖို့ ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ အာဏာသိမ်းခံရပြီးနောက် အကျင့်ပျက်လာဘ်စားမှုစွဲချက်အပါအဝင် စွဲချက်အမျိုးမျိုးတင်ခံရကာ ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ပြည်ပထွက်ပြေးခဲ့ရာကနေ ပြီးခဲ့တဲ့နှစ်(၂ဝ၂၃ ခုနှစ်) မှာ မိခင်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ မိခင်နိုင်ငံကို ပြန်လာချိန်မှာလည်း အမှုဟောင်းတွေအတွက် ပြစ်ဒဏ်ခံရမှာဖြစ်ပေမယ့် အကျဉ်းထောင်မှာနေထိုင်ရတဲ့ ပထမဆုံးရက်မှာ နှလုံးရောဂါ ပြန်ထလာတဲ့အတွက် ရဲဆေးရုံကိုအရေးပေါ်တင်ခဲ့ရကြောင်းသိရပါတယ်။ သက်ဆင်ဟာ ထိုင်းရဲတပ်ဖွဲ့ဆေးရုံမှာ ရက်ပေါင်း (၁၂၀)ခန့်နေ ထိုင်ခဲ့ပြီး အဲဒီရက်အရေအတွက်ဟာ ကန့်သတ်ထားတဲ့ ရက်အရေအတွက်လည်းဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဆေးရုံမှာနေထိုင်ရမယ့် ရက်ပေါင်း (၁၂၀) သက်တမ်းကုန်ဆုံးခဲ့ပေမယ့် ထိုင်းအကျဉ်းဦးစီးဌာနဟာ သက်ဆင်ကို အဆိုပါရဲဆေးရုံမှာ ထပ်မံနေထိုင်ခွင့်ပေးခဲ့ပြီး အကျဉ်းထောင်ဆေးရုံအပါအဝင်အခြားဆေးရုံတွေကို ပြောင်းမှာမဟုတ်ကြောင်း ဆိုခဲ့ပါတယ်။ ထိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Sahakarn Petchnarin က ထိုင်းရဲတပ်ဖွဲ့ဆေးရုံတာဝန်ရှိသူတွေဟာ သက်ဆင်ကို စမ်းသပ်ကုသမှုတွေထပ်မံလုပ်ဆောင်ဖို့လိုသေးတဲ့အတွက် ဆေးရုံမှာ ထပ်မံနေထိုင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ အဲဒီ တောင်းဆိုချက်ကို ခွင့်ပြုပေးခဲ့ကြောင်း ပြောပါတယ်။
ထိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အသက် ၇၀ ကျော် ဒါမှမဟုတ် ကျန်းမာရေးဆိုးရွားနေတဲ့လူတွေကို ကန့်သတ်ချက်တွေ ဖြေလျော့ပေးကြောင်း၊ အဲဒီလူတွေကိုအကျဉ်းထောင်အပြင်မှာ နေထိုင်ခွင့်၊ ကုသခွင့်တွေလည်းခွင့်ပြုပေးတယ်လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း စိတ်ဝင်စားဖွယ်ရာ ပြည်တွင်း/ပြည်ပသတင်းများ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ