ရုပ်ရှင်ရုံအတွင်း ဖုန်းဖြင့်ဇာတ်ကားများခိုးကူးမှုကို စောင့်ကြည့်၍ ပူးပေါင်းကာကွယ်သွားမည်
ယွန်း (NSS) - ဇန်နဝါရီ ၁၃
ရုပ်ရှင်ရုံအတွင်း ဖုန်းဖြင့်ဇာတ်ကားများခိုးယူမှုကို စောင့်ကြည့်၍ ပူးပေါင်းကာကွယ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်က အသိပေးပြောကြားထားသည်။
၎င်းက ဇန်နဝါရီလ ၁၃ ရက်က ရန်ကုန်မြို့ရှိ ရုပ်ရှင်မြှင့်တင်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုပ်ရှင်ရုံအတွင်း ဖုန်းဖြင့်ဇာတ်ကားများခိုးကူးမှုတွင် စောင့်ကြည့်သွားမည်ဖြစ်ပြီး ရုပ်ရှင်ရုံများမှတာဝန်ရှိသူများနှင့် အနုပညာကို ပုံဖော်ဖန်တီးကြသည့် မူလပိုင်ရှင်များကလည်း ပူးပေါင်းကာကွယ်သွားရမည်ဖြစ်ကြောင်း ဒုဝန်ကြီးက အသိပေးပြောကြားထား သည်။
ထို့ပြင် ရုပ်ရှင်ရုံအတွင်းမှ မြန်မာ့ရုပ်ရှင်များ ခိုးကူးနေမှုကို အများပြည်သူသိရှိနိုင်ရန် ရုပ်ရှင်ရုံအတွင်း အသိ ပညာပေးပြသခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တရားမဝင်ခိုးယူဖြန့်ချိမှုပပျောက်ရန် မတရားမှုများကို ဝိုင်းဝန်းတိုက်ဖျက်သွားမည်ကြောင်း သိရသည်။
အလားတူ ရုပ်ရှင်ဇာတ်ကားများကို ဆင်ဆာမူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် မြန်မာဇာတ်ကားများကို တရားမဝင်ခိုးယူကာ အွန်လိုင်း၌ ဖြန့်ချီနေသည့် Account နှင့် Group များကိုလည်း စာရင်းပြုစုကာ အရေးယူမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် အနုပညာဖန်တီးမှုများကို တရားမဝင်ခိုးယူဖြန့်ချိခြင်းများအတွက် ထိရောက်စွာဆောင်ရွက်နိုင်ရန် အနုပညာဖန်တီးမှုများအား တရားမဝင် ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ကို ပြီးခဲ့သည့် မေလက ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပရောက်မြန်မာလုပ်သားများ၏ လစာငွေများကို တရားမဝင်ဟွန်ဒီဖြင့် လွှဲပြောင်းထုတ်ပေးသူ(၂၀)ဦးကို အရေးယူထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ