အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် နစကမှ ကျင်းပပေးမည့် ရွေးကောက်ပွဲကို မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ ထွက်ပေါက်အဖြစ် လက်ခံသည့်သဘောရှိကြောင်း နိုင်ငံရေးပါတီများဆို
မြူနစ် (NSS) - ဇန်နဝါရီ ၁၂
လာအိုနိုင်ငံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေဖြင့် နစကမှ ကျင်းပ ပေးမည့် ရွေးကောက်ပွဲကို မြန်မာ့နိုင်ငံရေးအကျပ်အတည်း၏ ထွက်ပေါက်အဖြစ် လက်ခံသည့်သဘောရှိ ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Alounkeo Kittikhoun နှင့် နိုင်ငံရေးပါတီ (၄၂)ပါတီတို့သည် ယနေ့ (ဇန်နဝါရီလ ၁၂ ရက်) ၊ နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီဝန်းကျင်အထိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် မြန်မာ့နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး နစက ဥက္ကဋ္ဌ အပါအဝင် EAOs များ ၊ နိုင်ငံရေးပါတီများနှင့် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က "ဘာပြောပြော ရွေးကောက်ပွဲဟာ လက်ရှိ ကျွန်တော်တို့ အကျဥ်းအကျပ်ရဲ့ထွက်ပေါက်ဆိုတာလည်း သူတို့လက်ခံတယ်။ အဲဒီတော့ ရွေးကောက်ပွဲ မဖြစ်ခင် လက်ရှိအနေအထား တည်ငြိမ်အေးချမ်းမှုရှိဖို့လိုတယ်ဆိုတာလေး သူတို့လက်ခံတဲ့သဘောပဲ။ အာဆီယံဘက်ကလည်း ကောင်းတဲ့ခြေလှမ်းနဲ့သွားမယ့်ပုံပေါက်ပါတယ်။ ရွေးကောက်ပွဲကလည်း အရေးကြီးကြောင်း သဘောပေါက်တယ်။ အဲဒါကြောင့် UEC ဥက္ကဋ္ဌရဲ့ စီစဥ်ပေးမှုကို သူ့ဘက်ကလည်း ကျေးဇူးတင်ပါတယ်။ အင်ဒိုနီးရှားနဲ့အရင်မတူတဲ့ ဆောင်ရွက်ပုံအသစ်နဲ့တော့ လက်ရှိလာအိုကတော့ စပြီး ချဥ်းကပ်တာပေါ့"ဟု NSS ကိုပြောသည်။
အလားတူ အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးများတွင် နိုင်ငံရေး အဖွဲ့အစည်းဖြစ်သည့် နစကကို ဖိတ်ကြားရန်လည်း ပါတီအများစုက တောင်းဆိုမှုများရှိခဲ့ကြောင်း သိရသည်။
"သူက ကျွန်တော်ကြည့်ရသလောက်တော့ တတ်ကြွတဲ့ သဘောရှိတယ်။ သူ့လက်ထပ်မှာ ဒါကို အောင်မြင်အောင် လုပ်ချင်တဲ့ သဘောရှိတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ သူကတော့ ကျွန်တော်တို့ပြောနေတာတွေကို သေချာနားထောင်တယ်။ နိုင်ငံတော်ရဲ့ ထွက်ပေါက်လည်းဖြစ်တယ်။ လက်ရှိအစိုးရရဲ့ ထွက်ပေါက်လည်းဖြစ်တယ်။ ဒါကိုတော့ မဖြစ်မနေဝိုင်းလုပ်မယ်ဆိုတာတော့ သူ နားထောင်ပါတယ်။ သူလည်း လက်ခံတဲ့ သဘောရှိပါတယ်"ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ယာယီဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်းက NSS ကို ပြောသည်။
ယနေ့ နိုင်ငံရေးပါတီများ နှင့် အထူးကိုယ်စားလှယ်တွေ့ဆုံမှုသည် မြန်မာ့နိုင်ငံရေး ပြဿနာနှင့်ပတ်သက်ပြီး အပြုသဘောဆောင်သော ရလဒ်ကောင်းများရရှိခဲ့ပြီး လာအိုနိုင်ငံ၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တစ်နှစ်တာကာလအတွင်း မြန်မာ့နိုင်ငံရေးပြဿနာနှင့်ပတ်သက်၍ ရလဒ်ကောင်းများရရှိနိုင်မည်ဟုလည်း နိုင်ငံရေးပါတီများက မျှော်လင့်ထားသည်။
အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ၏ တင်ပြချက်များကို အလေးထား နာထောင်ခဲ့ကြောင်းသိရပြီး အဆိုပါ တင်ပြချက်များကို သက်ဆိုင်ရာ အာဆီယံအသိုင်းအဝန်းထံ တင်ပြပြောဆိုပေးသွားရန်ရှိကြောင်း သိရသည်။
လက်ရှိ နစက အစိုးရအနေဖြင့် ယခုနှစ် အောက်တိုဘာလတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး စာရင်းများကို အခြေခံကာ မဲစာရင်းပြုစုပြီး နောက် ရွေးကောက်ပွဲကျင်းပပေးသွားမည်ဟု ကတိပြု ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘန်ကောက်မှာ တရုတ်ခရီးသွားတစ်ဦး Hermes တံဆိပ်အိတ်အတုကို ဒေါ်လာ ၅ဝဝဝဝ ကျော် အကုန်အကျခံ ဝယ်ခဲ့ရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ