ဘန်ကောက်မှာ တရုတ်ခရီးသွားတစ်ဦး Hermes တံဆိပ်အိတ်အတုကို ဒေါ်လာ ၅ဝဝဝဝ ကျော် အကုန်အကျခံ ဝယ်ခဲ့ရ
ရောင်နီ (NSS) - ဇန်နဝါရီ ၁၃
ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို လာလည်တဲ့ တရုတ်ခရီးသွားတစ်ဦးဟာ Instagram မှာ ရှာတွေ့တဲ့ ရောင်းသူတစ်ဦးဆီက Hermes အိတ်အတုကို အစစ်မှတ်ပြီး ဝယ်ယူမိခဲ့ပါတယ်။
ထိုင်းသတင်းစာ Khaosod ရဲ့ဖော်ပြချက်အရ မစ္စဒမ် အမည်ရှိ အသက် ၂၇ နှစ်အရွယ် တရုတ်အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းသည် စီးပွားရေးလုပ်ငန်းရှင်နဲ့အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ခဏနေထိုင်ခဲ့တာဖြစ်ပါတယ်။
နေထိုင်စဉ်အတွင်း မစ္စဒမ်ဟာ အနက်ရောင် Hermes တံဆိတ် မိကျောင်းသားရေအိတ်ကို Instagram ပေါ်က ရောင်းချသူဆီမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်က ထိုင်းမြို့တော် ရက်ခ်ျပရာဆုန် ခရိုင်ရှိ နာမည်ကြီး စျေးဝယ်စင်တာမှာ တွေ့ဆုံပြီး ဘတ် ၁.၄ သန်း ( စင်ကာပူဒေါ်လာ ၅၃၁၄၀ ) နဲ့ ဝယ်ယူခဲ့ပါတယ်။
သူမ ဝယ်ယူပြီး နောက်တစ်ရက်မှာ ၎င်းကို အိတ်အစစ်ဟုတ်/မဟုတ် စစ်ဆေးဖို့ ထိုင်းဇိမ်ခံပစ္စည်းတွေကို စစ်ဆေးပေးတဲ့ Catch Fake Brandname ကို ပေးပို့ စစ်ဆေးခဲ့ပါတယ်။ အဲဒီအခါမှ သူမ ဝယ်ယူခဲ့တဲ့အိတ်ဟာ အတုဖြစ်ကြောင်း တွေ့ရှိလိုက်ရပါတယ်။
ဒါကြောင့် မစ္စဒမ်က အိတ်ကိုပြန်ပေးဖို့အတွက် ရောင်းသူကို ဆက်သွယ်ခဲ့ပေမယ့် ရောင်းသူက ပြန်မလဲပေးခဲ့ပါဘူး။ ဒါကြောင့် မစ္စဒမ်က ထိုင်းရဲတပ်ဖွဲ့ကို တိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သူမဟာ ရဲတပ်ဖွဲ့နဲ့ဆွေးနွေးပြီး အဲဒီအိတ်ကို တစ်ပတ်ရစ်စတိုးဆိုင်ဆီ ၃ဝ ရာခိုင်နှုန်း အရှုံးခံပြီး ဘတ် ၉၈ဝဝဝဝ နဲ့ ပြန်ရောင်းထုတ်ဖို့ လုပ်ခဲ့ရပါတယ်။
နိုင်ငံအသီးသီးမှာ အထူးသဖြင့် ကုန်ပစ္စည်းအတုတွေနဲ့ပတ်သက်ပြီး ခရီးသွားများစွာ အလိမ်ခံနေရတာကို ဒီဖြစ်ရပ်က သာဓက တစ်ခုအနေနဲ့ ထင်ဟပ်ပြသနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၁၂ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ် သတင်းများ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း