Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန် နှင့် ဗြိတိန်တို့က ယီမင်ရှိဟူသီလက်နက်ကိုင်အဖွဲ့နှင့်ဆက်နွယ်သောပစ်မှတ်များကို ပထမဆုံးအကြိမ် တိုက်ခိုက်မှုပြုလုပ်

Pika (NSS) - ဇန်နဝါရီ ၁၂ 

အမေရိကန် နှင့် ဗြိတိန်တို့သည်  ယီမင်ရှိဟူသီလက်နက်ကိုင်အဖွဲ့နှင့်ဆက်နွယ်သောပစ်မှတ်များကို ဇန်နဝါရီလ (၁၁) ရက်တွင် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ပင်လယ်နီအတွင်းရှိ နိုင်ငံတကာသင်္ဘောများကို ဟူသီလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုကဲ့သို့လက်တုံ့ပြန်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုတွင် တိုက်လေယာဉ်များ၊ Tomahawk ဒုံးကျည်များ ပါဝင်ကြောင်း အမေရိကန် မီဒီယာအများအပြားက ဖော်ပြခဲ့သည်။

သို့သော်လည်း အဆိုပါသတင်းများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို အမေရိကန်တာဝန်ရှိသူ များက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ဩစတြေးလျ၊ ဘာရိန်း၊ ကနေဒါ နှင့် နယ်သာလန်နိုင်ငံတို့၏ အကူအညီဖြင့် တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဇန်နဝါရီလ(၁၁)ရက်တွင် ပြောကြားခဲ့သည်။ 

ဂျိုးဘိုင်ဒန် က "အဲဒီတိုက်ခိုက်မှုဟာ ပင်လယ်နီအတွင်းမှာရှိတဲ့ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ဟူသီ လက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို တိုက်ရိုက်တုံ့ပြန်တာမျိုးပဲဖြစ်ပါတယ်၊၊ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေဟာ အမေရိကန်ဝန်ထမ်းတွေေ ရေတပ်သားတွေနဲ့ ကျွန်တော်တို့ရဲ့မိတ်ဖက်တွေ၊ ကုန်သွယ်မှုတွေ ကို အန္တရာယ်ဖြစ်စေတာတွေအပြင် လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကို ခြိမ်းခြောက်နေပါတယ်။ ပြည်သူတွေ ကို ကာကွယ်ဖို့၊ လွတ်လပ်စွာ ကုန်စည်စီးဆင်းမှုကို ကာကွယ်ဖို့အတွက် တိုက်ရိုက်အစီအစဉ်တွေကို ညွှန်ကြားသွား ဖို့ ကျွန်တော်တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။


ဗြိတိန်တော်ဝင်လေတပ်သည် အမေရိကန်နှင့်အတူ ဟူသီလက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဆူနက်က ပြောကြားခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကို ဟန့်တား ရန်အတွက် နိုင်ငံစုံရေတပ်ပူးပေါင်းစစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဗြိတိန်ရေတပ်သည် ပင်လယ်နီအတွင်း ကင်းလှည့်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆူနက်က ပြောကြားခဲ့သည်။

ဗြိတိန်အစိုးရသည် လွတ်လပ်စွာရေကြောင်းသွားလာခွင့် နှင့် လွတ်လပ်စွာကုန်စည်စီးဆင်းမှုတို့အတွက် အမြဲတမ်း ရပ်တည်သွားမည်ဖြစ်ကြောင်း ဆူနက်ကပြောကြားခဲ့သည်။ Saada မြို့၊ Dhamar မြို့နှင့် Sanaa မြို့ အပါအဝင် နိုင်ငံတစ်ဝှမ်း ဝင်ရောက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့အရာရှိတစ်ဦးက ပြောကြားခဲ့ သည်။ 

ဇန်နဝါရီလ(၁၁)ရက်က ဝင်ရောက်တိုက်ခိုက်မှုများသည် Sanaa လေဆိပ်အနီးရှိ စစ်အခြေစိုက်စခန်း၊ Taiz လေဆိပ်အနီးရှိ စစ်အခြေစိုက်စခန်း၊ Hodeidah မြို့ရှိ ဟူသီလက်နက်ကိုင်အဖွဲ့ရေတပ်စခန်း နှင့် Hajjah မြို့ရှိ စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါပြောဆိုချက်များနှင့်ပတ်သက်ပြီး အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် နစကမှ ကျင်းပပေးမည့် ရွေးကောက်ပွဲကို မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ ထွက်ပေါက်အဖြစ် လက်ခံသည့်သဘောရှိကြောင်း နိုင်ငံရေးပါတီများဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved