တောင်ကိုရီးယားစစ်တပ်က မြေပြင်အခြေစိုက် မဟာဗျူဟာမြောက်ဒုံးကျည်ဗားရှင်းအသစ်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ဟုဆို
Pika (NSS) - ဇန်နဝါရီ ၁၂
တောင်ကိုရီးယားနိုင်ငံသည် ပြည်တွင်းထုတ် မဟာဗျူဟာမြောက် မြေပြင်မှမြေပြင်ပစ် ဒုံးကျည်(KTSSM-I) ၏ ပြုပြင်မွမ်းမံထားသောဗားရှင်းကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်များ က ဇန်နဝါရီလ(၁၂)ရက်တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယား၏လုပ်ရပ်များကို ဆန့်ကျင်သည့်အနေဖြင့် ၎င်း၏ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ရန်ကြိုးပမ်းနေမှုနှင့်အတူ ယခုကဲ့သို့ စမ်းသပ်ပစ်လွှတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ မဟာဗျူဟာမြောက် မြေပြင်မှမြေပြင်ပစ်ဒုံးကျည် (KTSSM-I) ဗားရှင်းအသစ်ကို ဆိုးလ်မြို့ အနောက်တောင်ဘက် (၁ဝ၉) ကီလိုမီတာအကွာ Taean ကောင်တီရှိ ကာကွယ်ရေးဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ စမ်းသပ်ပစ်လွှတ်မှုများ လုပ်ဆောင်သည့်နေရာတွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂ဝ၁ဝ ပြည့်နှစ်တွင် တောင်ကိုရီးယားနိုင်ငံ အနေက်မြောက်ဘက်နယ်စပ်ရှိ Yeonpyeong ကျွန်းကို မြောက်ကိုရီးယားက ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီးနောက် လှိုဏ်ဂူများအတွင်း ဖွက်ထားနိုင်သော မြောက်ကိုရီးယား၏ အမြောက်လက်နက်များကို တိကျစွာဖျက်ဆီးပစ်နိုင်ရန်အတွက် KTSSM-I ဒုံးကျည်ကို တောင်ကိုရီးယားက တီထွင်ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Yeonpyeong ကျွန်းကို မြောက်ကိုရီးယား၏ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း အရပ်သားနှစ်ဦး နှင့် မရိန်း တပ်သားနှစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ KTSSM-I ဒုံးကျည်သည် မြေကြီးအတွင်းသို့ မီတာ အနည်းငယ် ထိုးဖောက်ဝင်ရောက်နိုင်ကာ မြေအောက်ရှိ ပစ်မှတ်များဆီသို့ ရောက်ရှိနိုင်စွမ်းရှိကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရော်နယ်အရိုဟိုအတွက် ဘိုင်ယန်မြူးနစ်အသင်းထံမှ ယူရိုသန်း(၁ဝဝ)ကမ်းလှမ်းမှုကို မျှော်လင့်နေတဲ့ ဘာစီလိုနာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ