ထိုင်ဝမ်ရွေးကောက်ပွဲပြီးလျှင် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရပြော
Pika (NSS) - ဇန်နဝါရီ ၁၂
ထိုင်ဝမ်ကျွန်းတွင် ရွေးကောက်ပွဲပြီးဆုံးပါက ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ရန် အမေရိကန်အစိုးရက စီစဉ်နေကြောင်း ဇန်နဝါရီလ(၁၁)ရက်တွင် မီဒီယာအများအပြားက ဖော်ပြခဲ့သည်။
အဆိုပါအဖွဲ့ကို အမေရိကန်အကြီးတန်းအရာရှိဟောင်းများ နှင့် ဖွဲ့စည်းထားပုံပေါ်ပြီး ထိုင်ဝမ်ကျွန်းတွင် ရွေးကောက်ပွဲအနိုင်ရရှိသူနှင့် တွေ့ဆုံသွားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ သို့သော်လည်း လူမည်မျှ စေလွှတ်သွားမည်ဆိုသည့်အချက်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ရန်အတွက် ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်သည့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်စတိန်းဘာ့ချ် နှင့် ရီပတ်ဘလစ်ကန်ပါတီဝင်ဖြစ်သည့် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဟောင်း စတီဖင်ဟတ်ဒ်လေတို့ကို အမေရိကန်အစိုးရက အကြံပြုခဲ့ကြောင်း Financial Times သတင်းစာက ဖော်ပြခဲ့သည်။
အဆိုပါတွေ့ဆုံမှုသည် ထိုင်ဝမ်အစိုးရအသစ် နှင့် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ရန် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦးက အကြုံပြုပြောခဲ့သည်။ ထို့အပြင် အဆိုပါလုပ်ရပ်သည် ထိုင်ဝမ်ဒေသအတွင်းတွင် တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
ထိုင်ဝမ်ကျွန်းတွင် ရွေးကောက်ပွဲပြီးမှသာ ကိုယ်စားလှယ်အဖွဲ့က သွားရောက်မည်ဖြစ်ပြီး အဆိုပါလှုပ်ရှားမှုသည် တရုတ်တစ်ပြည်တည်းမူဝါဒနှင့်ကိုက်ညီမည်ဖြစ်ကြော်ငး အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့် ရှိသူ ကိတ်ဝါးတား က ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်-အမေရိကန်ဆက်ဆံရေးကို ဆိုးရွားစွာမထိခိုက်စေရန်အတွက် ထိုင်ဝမ်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ရန် အမေရိကန်ကို တရုတ်အစိုးရက တိုက်တွန်းခဲ့ကြောင်း သိရသည်။ တရုတ်အစိုးရသည် အမေရိကန် နှင့် ထိုင်ဝမ်ကြား တရားဝင်ဖလှယ်မှုများကို ဆန့်ကျင်ကြောင်း နှင့် ထိုင်ဝမ်မှာ တရုတ်နိုင်ငံမှ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ မာအိုနင် က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြီးမားဆုံးနျူကလီးယားစွမ်းအင် တိုးချဲ့မည့်အစီအစဉ်ကို ဗြိတိန်အစိုးရ ထုတ်ဖော်ပြသ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ