ကိုရီးယားတက္ကသိုလ်တစ်ခုခုတွင် တက်ရောက်ခွင့်ရရှိထားပြီး အခက်အခဲဖြစ်နေသူများ ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း မြန်မာသံရုံး အသိပေး
Pearl (NSS) - ဇန်နဝါရီ ၁၂
ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် တက်ရောက်ခွင့်ရရှိထားပြီး အခက်အခဲဖြစ်နေသူများအနေဖြင့် ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ယနေ့ (ဇန်နဝါရီလ ၁၂ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
Woojung Education and Culture Foundation မှ ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ (ကိုရီးယားဘာသာစကားသင်တန်းမပါ) တတ်ရောက်ခွင့်ရရှိထားပြီး ကျောင်းလခနှင့် နေထိုင်စရိတ်အခက်အခဲရှိနေသည့် မြန်မာနိုင်ငံသား ကျောင်း သား၊ ကျောင်းသူ (၂)ဦးအတွက် ပညာသင်ဆုကို စိစစ်ရွေးချယ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ Scholarship Students for the 1st Semester 2024 ပညာသင်ဆုကို စိစစ်ရွေးချယ်ရာတွင် သတ်မှတ်ထားသည့် အရည်အချင်း နှင့် ကိုက်ညီသော လျှောက် ထားလိုသူများသည် စာရွက်စာတမ်းအထောက်အထား တို့အား ပြည့်စုံစွာဖြည့်၍ လာမည့် ဇန်နဝါရီလ (၁၉)ရက်၊ ညနေ(၄)နာရီ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားရာတွင် Myanmar Embassy , Hannam-daero 28-gil 12, Yongsan-gu, Seoul , 04418 သို့ လူကိုယ်တိုင်လာရောက်၍လည်ကောင်း၊ စာတိုက်မှတဆင့် သတ်မှတ်ချိန်အမီ ပေးပို့၍လည်းကောင်း၊ သံရုံး Email – scholarinseoul@gmail.com သို့ပေးပို့၍ လည်းကောင်း လျှောက်ထားနိုင်ကြောင်း သံရုံးက အသိ ပေးထုတ်ပြန်ထားသည်။
အဆိုပါပညာသင်ဆုကို ယခင်နှစ်များက လက်ခံရရှိပြီးသည့် ကျောင်းသူ၊ကျောင်းသားများ ထပ်မံလျှောက်ထားခြင်း မပြုရန်လည်း သံရုံးက ထည့်သွင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်၌ ကြံများသယ်ဆောင်လာသည့် (၆)ဘီးကားတစ်စီးတိမ်းမှောက်ခဲ့ရာ အမျိုးသား(၁)ဦး သေဆုံး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း