နေပြည်တော်၌ ကြံများသယ်ဆောင်လာသည့် (၆)ဘီးကားတစ်စီးတိမ်းမှောက်ခဲ့ရာ အမျိုးသား(၁)ဦး သေဆုံး
စော (NSS) - ဇန်နဝါရီ ၁၂
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကြံများသယ်ဆောင်လာသည့် (၆)ဘီးကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုး သား (၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၁၁ ရက်)၊ မွန်းလွဲ (၁)နာရီခွဲဝန်းကျင်အချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ ကျောက်စရစ်ကုန်းကျေးရွာနှင့် လယ်သာကျေးရွာအနီးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကရုဏာရှင်လူမှုကူညီရေး ပရဟိတအသင်းထံမှ သိရသည်။
“ကားသမားကတော့ မူးနေတယ်ပြောတယ်။ အကွေ့မှာ အရှိန်လွန်ပြီးတော့ မှောက်တာပါ။ ကြံခင်းထဲကနေ အပြန်မှာဖြစ်တာပါ။ ကားပေါ်မှာ ပါတဲ့လူတွေ ထိခိုက်ဒဏ်ရာရတယ်။ သူတို့က ကျောက်စရစ်ကုန်းရွာကလို့ သိရတယ် ”ဟု ကရုဏာရှင်လူမှုကူညီရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အသက် (၃၈)နှစ်အရွယ် အမျိုးသားတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း (၆)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့ကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် (၁၀၀၀) သို့ ကရုဏာရှင်လူမှုကူညီရေး ပရဟိတအသင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့၊ ညနေ(၃)နာရီအချိန်တွင် မွန်ပြည် နယ်၊ မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၊ အဇင်းစိုက်ပျိုးရေးခြံအရှေ့၌ တက္ကသိုလ်ကြို/ပို့ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ(၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ရွေးကောက်ပွဲပြီးလျှင် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း