တရုတ်နိုင်ငံက ပိုမိုရန်လိုသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနေကြောင်း ဗြိတိန်အစိုးရပြော
Pika (NSS) - ဇန်နဝါရီ ၁၂
တရုတ်နိုင်ငံသည် ပိုမိုရန်လိုသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်း က ပြောကြားခဲ့သည်။
ထို့အပြင် ဗြိတိန်အစိုးရသည် တရုတ်နိုင်ငံ နှင့် ပိုမိုနွေးထွေးသောဆက်ဆံရေးကို တည်ဆောက်နိုင်ရန် ကြိုးပမ်းနေ ကြောင်း ၎င်းက ပြောခဲ့သည်။ ဒေးဗစ်ကင်မရွန်းသည် ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ကြောင်းလည်း သိရသည်။
ဒေးဗစ်ကင်မရွန်းက "ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း တရုတ်နဲ့စီးပွားရေးအရ ဆက်ဆံမှုတွေမှာ ဗြိတိန်ကို ဆွဲဆောင်နိုင် ခဲ့တာတွေ အများအပြားရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းတည်းက အရာအားလုံးက ပြောင်းလဲသွားခဲ့ပါပြီ" ဟု ပြောခဲ့သည်။
သို့သော်လည်း တရုတ်နိုင်ငံသည် လူသားမျိုးနွယ်၏ ငါးပုံပုံ တစ်ပုံကို ကိုယ်စားပြုသောကြောင့် မူဝါဒဆိုင်ရာ ပြဿနာအမျိုးမျိုးတွင် တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများလုပ်ဆောင်ရန် အရေးကြီးနေဆဲဖြစ်ကြောင်း ဒေးဗစ်ကင်မရွန်းက အခိုင်အမာပြောခဲ့သည်။
"တရုတ်နိုင်ငံနဲ့ ပြောဆိုဆက်ဆံမှုတွေမလုပ်ဘဲ ရာသီဥတုပြောင်းလဲမှုကို ကျွန်တော်တို့ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ တရုတ်နဲ့ ဆက်ဆံမှုတွေမရှိဘဲ AI ဆိုင်ရာစည်းကမ်းတွေကို ကျွန်တော်တို့ အကောင်အထည် ဖော်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ ဗြိတိန်အစိုးရက လိုက်နာရမည့် နိုင်ငံခြားမူဝါဒတစ်ခုဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ဒေးဗစ်ကင်မရွန်း က ပြောဆိုခဲ့သည်။
ဗြိတိန်ထောက်လှမ်းရေးဝန်ဆောင်မှုအဖွဲ့ MI6 အစား တရုတ်နိုင်ငံနှင့်ပတ်သက်သည့် အရေးကြီးသောဒေတာ အချက်အလက်များကို စုဆောင်းနေသည်ဟု စွပ်စွဲခံထားရသည့် ပြည်ပအတိုင်ပင်ခံကုမ္ပဏီတစ်ခု၏ အကြီးအကဲကို ဖမ်းဆီးထားကြောင်း တရုတ်အစိုးရက ဇန်နဝါရီလ(၈)ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဗြိတိန်ဖက်မှ ပြန်လည်မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ဂျီးရီးယားက သိမ်းဆည်းရမိတဲ့ မှောင်ခို ဆင်စွယ် ဒေါ်လာ ၁၁ ဒသမ ၂ သန်းကို စံချိန်တင် မီးရှို့ဖျက်ဆီး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ