နိုင်ဂျီးရီးယားက သိမ်းဆည်းရမိတဲ့ မှောင်ခို ဆင်စွယ် ဒေါ်လာ ၁၁ ဒသမ ၂ သန်းကို စံချိန်တင် မီးရှို့ဖျက်ဆီး
ရောင်နီ (NSS) - ဇန်နဝါရီ ၁၂
နိုင်ဂျီးရီးယားဟာ နိုင်ငံရဲ့ တောရိုင်းဆင်အရေအတွက် လျော့နည်းလာခြင်းကို ဖြေရှင်းဖို့အတွက်နဲ့ တောရိုင်း တိရစ္ဆာန်ရောင်းဝယ်ဖောက်ကားသူတွေဆီက အကာအကွယ်ဖြစ်စေဖို့ တွန်းအားပေးတဲ့အနေနဲ့ တန်ဖိုး ၉.၉ ဘီလျံ (ဒေါ်လာ ၁၁.၂ သန်း) ကျော်ရှိ သိမ်းဆည်းရမိထားတဲ့ ဆင်စွယ် ၂.၅ တန်ကို အင်္ဂါနေ့ (ဇန်နဝါရီ ၉ ရက်) က ဖျက်ဆီး ပစ်ခဲ့ပါတယ်။
လွန်ခဲ့သည့်ဆယ်စုနှစ် ၃ ခုအတွင်း နိုင်ငံမှာ ဆင်စွယ်မှောင်ခို သတ်ဖြတ်မှုတွေ၊ လူနဲ့ ဆင် ပဋိပက္ခတွေကြောင့် ဆင်ကောင်ရေ ၁,၅ဝဝ မှ ၄ဝဝ အောက်ထိ သိသိသာသာ ကျဆင်းလာခဲ့တယ်လို့ ထိန်းသိမ်းရေးသမားတွေက ဆိုပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး အစ်ဇိုင်ဆာလကိုက အစိုးရဟာ ဆင်စွယ်တွေကို မီးရှို့ဖျက်ဆီးပြီး အမှုန့်တွေကို ဂေဟစနစ်မှာ ဆင်တွေရဲ့အရေးပါမှုကို သတိပေးတဲ့အနေနဲ့ အမျိုးသားဥယျာဉ်မှာ အထိမ်းအမှတ်အဖြစ် ပြသသွားမယ်လို့ ပြောပါတယ်။
အစိုးရက မြို့တော် အာဘူဂျာမှာ ဒေါ်လာ ၁.၄ သန်းတန်ဖိုးရှိ သင်းခွေချပ် အကြေးခွံလေးတန်ကို အောက်တိုဘာ လက ဖျက်ဆီးခဲ့ပြီးနောက် အခုနောက်ဆက်တွဲ ဆင်စွယ်တွေကို မီးရှို့ဖျက်ဆီးမှု ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နိုင်တဲ့ တောရိုင်းတိရစ္ဆာန်နဲ့ ဖလော်ရာမျိုး စိတ်များဆိုင်ရာ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် (CITES) အရ ဆင်စွယ်ကုန်သွယ်မှုကို တားမြစ် ထားပေမယ့်လည်း ဆင်စွယ်အတွက် နှစ်စဉ် ဆင်ကောင်ရေ ထောင်နဲ့ချီ သေဆုံးလျက်ရှိတယ်လို့ သိရပါတယ်။
နိုင်ဂျီးရီးယားရဲ့ မှောင်ခိုမုဆိုးတွေဟာ ဆင်စွယ်နဲ့ သင်းခွေချပ်အကြေးခွံတွေ အပါအဝင် တရားမဝင် အာဖရိက တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို အာရှဂိုဏ်းတွေဆီ ပေးပို့လေ့ရှိတယ်လို့ ဥပဒေစိုးမိုးရေးနဲ့ တောရိုင်း တိရစ္ဆာန် ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဒါပေမယ့် နိုင်ဂျီးရီးယားဟာ မှောင်ခိုနှိမ်နင်းရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ဗြိတိန်၊ အမေရိကန်နဲ့ ဂျာမန်တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး တရားမဝင် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်း ရောင်းဝယ်ဖောက်ကားမှုတွေကို လိုက်လံဖမ်းဆီး အရေးယူနေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာတစ်ဝန်း ဆယ်ကျော်သက် ၁ဝ ဦးမှာ တစ်ဦးနှုန်းက အန္တရာယ်ရှိ ဝိတ်ချဆေးများ အသုံးပြုနေကြ ကြောင်း အမေရိကန်လေ့လာမှုမှ ပြောကြား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း