စပို့တင်းလစ္စဘွန် ကွင်းလယ်လူ Morten Hjulmand ကို ခေါ်ယူဖို့အတွက် တောင်ပံကစားသမား ဖာကွမ်ဒို ပယ်လီစထရီကို ကမ်းလှမ်းခဲ့တဲ့ မန်ယူ
Pika (NSS) - ဇန်နဝါရီ ၁၁
မန်ယူအသင်းသည် စပို့တင်းလစ္စဘွန်ကွင်းလယ်ကစားသမား Morten Hjulmand ကို ခေါ်ယူရန်အတွက် အလဲအလှယ်အဖြစ် ၎င်းတို့၏ တောင်ပံကစားသမား ဖာကွမ်ဒိုပယ်လီစထရီကို ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
သို့သော်လည်း မန်ယူအသင်း၏ အဆိုပါကမ်းလှမ်းမှုကို စပို့တင်းလစ္စဘွန်အသင်းဖက်က ပယ်ချခဲ့ကြောင်းလည်း သိရသည်။ အသက်(၂၄)နှစ်အရွယ် Morten Hjulmand သည် ဒိန်းမတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး ၎င်း၏ စာချုပ်တွင် ပေါင်(၆၉)သန်းတန် ပြောင်းရွှေ့ခွင့် ပါဝင်ကြောင်းလည်း သိရသည်။
စပို့တင်းလစ္စဘွန်အသင်းသည် Morten Hjulmand ကို ၂ဝ၂၃ ခုနှစ်တွင် စီးရီးအေကလပ် Lecce မှ ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Morten Hjulmand သည် စပို့တင်းလစ္စဘွန်အသင်း နှင့် ၂ဝ၂၈ ခုနှစ်အထိ စာချုပ်ချုပ် ဆိုထားခြင်းဖြစ်ပြီး ၎င်းကိုရောင်းထုတ်မည့် ဖိအားများ မရှိသေးကြောင်းလည်း သိရသည်။
တောင်ပံကစားသမား ဖာကွမ်ဒိုပယ်လီစထရီသည် မန်ယူအသင်းအတွက် လက်ရှိရာသီတွင် ပြိုင်ပွဲစုံ ပွဲပေါင်း (၁၄)ပွဲ ကစားထားကြောင်း သိရသည်။ ထို့အပြင် ဖာကွမ်ဒိုပယ်လီစထရီသည် PSV အသင်း နှင့် ချိတ်ဆက်မှုများရှိနေကြောင်းလည်း သိရသည်။
မန်ယူအသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ (၂၀)ပွဲကစားထားပြီး ရမှတ်(၃၁)မှတ်ဖြင့် အမှတ်ပေးဇယားအတွင်း အဆင့်(၈)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံက ပိုမိုရန်လိုသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနေကြောင်း ဗြိတိန်အစိုးရပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း