ယူကရိန်းသမ္မတဇီလန်စကီး ယခုနှစ်အတွင်း ဖြုတ်ချခံရနိုင်ဖွယ်ရှိနေကြောင်း အတိုက်အခံပါတီခေါင်းဆောင်ပြော
Pika (NSS) - ဇန်နဝါရီ ၁၁
ယူကရိန်းသမ္မတဇီလန်စကီးသည် ယခုနှစ်အတွင်း သမ္မတရာထူးမှ ဖြုတ်ချခံရနိုင်ဖွယ်ရှိနေကြောင်း ပြည်ပြေး ယူကရိန်းအတိုက်အခံပါတီခေါင်းဆောင် Viktor Medvedchuk က ပြောကြားခဲ့သည်။
ထို့အပြင် ဇီလန်စကီးကို သမ္မတရာထူးမှ ဖြုတ်ချခြင်းသည် ယူကရိန်းပြည်သူများအတွက် ကောင်းမွန်လိမ့်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ Viktor Medvedchuk သည် ရုရှားလိုလားသူများဟု စွပ်စွဲခံထားရကာ ယူကရိန်းအစိုးရက တာားမြစ်ပိတ်ပင်ထားသည့် အတိုက်အခံပါတီ For Life ပါတီ၏ ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။
Viktor Medvedchuk သည် ရုရှားနှင့် အကျဉ်းသားလဲလှယ်မှုအတွင်း ဖမ်းဆီးခံခဲ့ရပြီး ယူကရိန်းနိုင်ငံတွင်းမှ နှင်ထုတ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ Viktor Medvedchuk က "ဇီလန်စကီးဟာ သူတတ်နိုင်သမျှ လူတွေ အားလုံးကို ဆန့်ကျင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ သစ္စာဖောက်တွေအဖြစ် အမည်ပျက်စာရင်းသွားခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ ၎င်းရဲ့သူရဲဘောကြောင်မှုကို မြင်လိုက်တဲ့ ကြေးစားနာဇီတွေ၊ အရည်အချင်းမရှိတာ တွေကို မြင်ခဲ့တဲ့ စစ်တပ်နဲ့ အခြားလူတွေ အတော်များများကို ဆန့်ကျင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း အနောက်အုပ်စုနိုင်ငံများက ငွေကြေးထောက်ပံ့မှုကို လျှော့ချလိုက်သည် နှင့် တစ်ပြိုင်နက် ယူကရိန်းသည် ဘေးအန္တရာယ်တစ်ခုနှင့်ကြုံတွေ့ရမည့် အကျပ်အတည်းတွင်ရှိနေကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
ထို့အပြင် ယူကရိန်းသမ္မတဇီလန်စကီး၏ ရှုံးနိမ့်မှုသည် ပြည်သူများ၏ ရှုံးနိမ့်မှုတစ်ခုဟု မဆိုလိုကြောင်းကို ယူကရိန်းပြည်သူများက နားလည်ရန် လိုအပ်ကြောင်း ၎င်းက ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုမာလီယာနိုင်ငံတွင် ကုလသမဂ္ဂ၏ ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး ခရီးသည်အချို့ကို စစ်သွေးကြွအဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ