ဆိုမာလီယာနိုင်ငံတွင် ကုလသမဂ္ဂ၏ ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး ခရီးသည်အချို့ကို စစ်သွေးကြွအဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားဟုဆို
Pika (NSS) - ဇန်နဝါရီ ၁၁
ဆိုမာလီယာနိုင်ငံတွင် ကုလသမဂ္ဂ၏ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ခရီးသည်အချို့ကို အယ်လ်ရှာဘတ် စစ်သွေးကြွအဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကုလသမဂ္ဂက ဇန်နဝါရီလ(၁ဝ)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
ခရီးသည် နှင့် အမှုထမ်း စုစုပေါင်း(၉)ဦး လိုက်ပါလာသောရဟတ်ယာဉ်သည် Galmudug ပြည်နယ် Dhusamareb မြို့ အရှေ့တောင်ဘက် (၇ဝ)ကီလိုမီတာအကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေး မှတ်တမ်းများအရ သိရသည်။
အဆိုပါဖြစ်ရပ်သည် အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့ထိန်းချုပ်ထားသောနယ်မြေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည်(၆)ဦးကို စစ်သွေးကြွအဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ သို့သော်လည်း အဆိုပါသတင်းအချက်အလက်များ မှန်ကန်ခြင်း ရှိ/မရှိကို လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်းမျိုးမရှိသေးကြောင်း မှတ်တမ်းအရ သိရသည်။
ခရီးသည်တစ်ဦးသည် ရှင်းရှင်းလင်းလင်းမသိရှိရသေးသော အခြေအနေတစ်ခုတွင် အသတ်ခံခဲ့ရပြီး အခြားနှစ်ဦးမှာ အမည်မသိသောနေရာများသို့ ထွက်ပြေးသွားခဲ့ကြောင်း မှတ်တမ်းထဲတွင် ဖော်ပြထားသည်။
အဆိုပါရဟတ်ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည်များမှာ ပြင်ပ ကန်ထရိုက်တာများဖြစ်ပြီး ကုလသမဂ္ဂ အမှုထမ်းများ မဟုတ်ကြောင်းလည်း သိရသည်။ ထို့အပြင် ခရီးသည်များထဲတွင် ဆိုမာလီယာနိုင်ငံသားတစ်ဦး လည်း ပါဝင်ကြောင်း သိရသည်။ သို့သော်လည်း ရဟတ်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အခြားခရီးသည်များမှာ မည်သည့်နိုင်ငံသားဖြစ်သည်ဆိုသည့်အချက်ကို ထုတ်ဖော်ပြောဆိုထားခြင်းမျိုး မရှိကြောင်း သိရသည်။
မှတ်တမ်းထဲတွင် "နောက်ထပ် အသိပေးချက်တွေ မထုတ်ပြန်မချင်း ကုလသမဂ္ဂရဲ့ လေကြောင်းခရီးစဉ်ပျံသန်းမှု အားလုံးကို ယာယီရပ်ဆိုင်းထားမှာပါ" ဟု ဖော်ပြထားသည်။
ဆိုမာလီယာနိုင်ငံ Galmudug ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ကုလသမဂ္ဂ၏ ရဟတ်ယာဉ်ပျက်ကျမှုမှာ မှန်ကန် ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က အတည်ပြုခဲ့သည်။ ၎င်းက "ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တုံ့ပြန်မှုတွေလုပ်ဆောင်ဖို့ ကြိုးပမ်းမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ လူတွေအားလုံးရဲ့လုံခြုံရေးအတွက် ဒီအချိန်မှာ ကျွန်တော်တို့ နောက်ထပ်ဘာမှပြောမှာ မဟုတ်တော့ပါဘူး။ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံးကြိုးပမ်းနေပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၁၁ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ