မြန်မာနိုင်ငံဘက်ခြမ်းမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နှစ်လအတွင်း အိန္ဒိယနိုင်ငံဘက်ခြမ်းကို တပ်မတော်သား ၄ဝဝ ကျော် တိမ်းရှောင်ဆုတ်ခွာခဲ့ဟုဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၁
မြန်မာနိုင်ငံဘက်ခြမ်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက်ခြမ်းကို နှစ်လအတွင်း မြန်မာ့တပ်မတော်သား ၄ဝဝ ကျော် အိန္ဒိယနိုင်ငံဘက်ခြမ်းကို ဆုတ်ခွာတိမ်းရှောင်လာခဲ့ကြောင်း အိန္ဒိယစစ်ဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။
အိန္ဒိယစစ်တပ်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး မန်ဂျိုပန်ဒိက မြန်မာနယ်စပ်ဒေသမှာဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် မြန်မာ့တပ်မတော်သားတွေဟာ အိန္ဒိယနိုင်ငံဘက်ခြမ်းကို တိမ်းရှောင်လာခဲ့ကြောင်း၊ အိန္ဒိယစစ်တပ်အနေနဲ့ အိန္ဒိယနိုင်ငံဘက်ခြမ်းကို တိမ်းရှောင်လာတဲ့ မြန်မာ့တပ်မတော်သားတွေကို မိခင်နိုင်ငံဘက်ခြမ်းကို ပြန်ပို့ပေးခဲ့ ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့အောက်တိုဘာလကစတင်ပြီး ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ အရှိန်မြင့်ဖြစ်ပွားလာခဲ့ပြီး နောက် နိုင်ငံတဝှမ်းမှာ တိုက်ပွဲတွေဖြစ်လာခဲ့ပြီး အိန္ဒိယနဲ့ မြန်မာနယ်စပ်ဒေသ ချင်းပြည်နယ်တို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယအာဏာပိုင်တွေဟာ ၎င်းတို့နိုင်ငံဘက်ခြမ်းကို နေရပ်စွန့်ခွာရောက်ရှိလာတဲ့ မြန်မ့ာတပ်မတော်သားတွေကို နိုင်ငံအတွင်း ရက်အနည်းငယ်နေထိုင်ခွင့်ပေးပြီး မိခင်နိုင်ငံကို စစ်ဘက်သုံးရဟတ်ယာဉ်တွေအသုံးပြုကာ ပြန်ပို့ပေးခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က အာဏာအငြင်းပွားမှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံတဝှမ်းမှာ လက်နက်ကိုင် တိုက်ပွဲတွေဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိဖြစ်ပွားနေရာ အိန္ဒိယနိုင်ငံဘက်ခြမ်းကို မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာ နေထိုင်နေရသူ သုံးသောင်းကျော်ရှိနေကြောင်း အိန္ဒိယသတင်းတွေက ဖော်ပြထားပါတယ်။
အိန္ဒိယအစိုးရက မြန်မာနိုင်ငံသားတွေကို စောင့်ရှောက်ထားပြီး မြန်မာနိုင်ငံပုံမှန်အခြေအနေအတိုင်း ပြန်ရောက်ရှိ ချိန်မှသာ မိခင်နိုင်ငံကို ပြန်ပို့ပေးမယ်လို့ မကြာသေးခင်က သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝမ်းတွင်းမြို့၌ ယက္ကန်းရုံပိုင်ရှင် အပါအဝင် အမျိုးသမီး (၄)ဦးကို သတ်ဖြတ်ခဲ့သည့် အလုပ်သမားကို ဖမ်းမိခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ