ဝမ်းတွင်းမြို့၌ ယက္ကန်းရုံပိုင်ရှင် အပါအဝင် အမျိုးသမီး (၄)ဦးကို သတ်ဖြတ်ခဲ့သည့် အလုပ်သမားကို ဖမ်းမိခဲ့
စော(NSS) - ဇန်နဝါရီ ၁၁
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ရှိ နေအိမ်တစ်လုံးအတွင်း၌ ယက္ကန်းရုံပိုင်ရှင် အပါအဝင် အမျိုးသမီး(၄)ဦးကို သတ်ဖြတ်ခဲ့သည့် ယ က္ကန်းရုံအလုပ်သမားကို ဖမ်းမိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဖြစ်စဉ်သည် ဝမ်းတွင်းမြို့၊ အမှတ် (၃)ဗဟိုရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများကို ယနေ့(ဇန်နဝါရီလ ၁၁ ရက်)၊ နံနက် (၆)နာရီတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ယက္ကန်းစင် ထုတဲ့ တူနဲ့ထုသတ်တာလို့ သိရတယ်။ သူက တူနဲ့ထုပြီးတော့ ပစ္စည်းတွေ၊ ရွှေတွေ၊ ငွေတွေ အကုန်အိမ်ကို သယ်သွားတာတဲ့။ သူ့အိမ်မှာဖွက်ပြီးမှ ရဲစခန်းကို အကြောင်းကြားတယ်။ ရဲတွေက သူ့ကိုမသင်္ကာလို့ စစ်ဆေးတော့မှ သူသတ်တယ်ဆိုတာ ပေါ်တာ။ သူက ဝမ်းတွင်းကတော့ မဟုတ်ဘူး”ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဉ်တွင် ယက္ကန်းရုံပိုင်ရှင်ဖြစ်သူ ဒေါ်မြမြသွေး နှင့် သမီးအပါအဝင် အမျိုးသမီး (၄)ဦးတို့သည် ဦးခေါင်းထိခိုက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အမျိုးသမီး (၄)ဦး၏ ရုပ်အလောင်းများအား ဒေသခံလူမှုကူညီရေးအသင်းဝင်များက ဝမ်းတွင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုဇုန်အချို့၌ မနက်ဖြန် ယာယီဓာတ်အားပြတ်တောက်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း