ဟူသီလက်နက်ကိုင်အုပ်စုက အမေရိကန်သင်္ဘောတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၁
ဟူသီလက်နက်ကိုင်အဖွဲ့က အမေရိကန်သင်္ဘောတွေကို ဒုံးကျည်တွေ၊ ဒရုန်းအများအပြားနဲ့ ပစ်မှတ်ထားကာ တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်စစ်သင်္ဘောတွေရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ဖို့ အမေရိကန်သင်္ဘောတွေ ပစ်မှတ်ထားပြီး ဒုံးကျည် တွေ၊ ဒရုန်းတွေနဲ့တိုက်ခိုက်သွားတော့မှာဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အုပ်စုက ပြောပါတယ်။
"ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံကို ကူညီ ထောက်ပံ့ပေးနေတဲ့ အမေရိကန်သင်္ဘောတွေကို ဒုံးကျည်တွေ၊ ဒရုန်း တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်သွားမယ်။ အမေရိကန်သင်္ဘောတွေကို တိုက်ခိုက်မှုတွေကို ဒုံးကျည်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်သွားမယ်။ ယီမင်နိုင်ငံကို တရားဝင်အခွင့်ရေးကို ကာကွယ်ဖို့ ရန်လိုတဲ့ခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန် ဖို့ သည်းခံတွန့်ဆုတ်နေမှာ မဟုတ်ဘူး။ ယီမင်လက်နက်ကိုင်အုပ်စုအဖွဲ့က ဂါဇာဒေသကို တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်ချိန်အထိ အစ္စရေးသင်္ဘောတွေ နဲ့ အစ္စရေးနိုင်ငံဆိပ်ကမ်းတွေကိုသွားမယ့် သင်္ဘောတွေကို ဟန့်တားမယ့်လုပ်ရပ်တွေကို ဆက်လက်လုပ်ကိုင်သွားမယ်" လို့ ဟူသီလက်နက်ကိုင်အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ Yahya Saree က ပြောပါတယ်။
ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းကတည်းက ဟူသီလက်နက်ကိုင်အုပ်စုတွေဟာ ပင်လယ်နီဒေသကိုဖြတ်သန်းတဲ့ ကုန်စည်သင်္ဘာတွေကို တိုက်ခိုက်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေး အခက်အခဲတွေ ရှိလာခဲ့ကြောင်း သိရပါတယ်။
ဟူသီလက်နက်ကိုင်အုပ်စုဟာ နိုဝင်ဘာလတည်းက ပင်လယ်နီဒေသက ဖြတ်သန်းတဲ့ကုန်စည်သင်္ဘာတွေကို တိုက်ခိုက်မှုအကြိမ်ပေါင်း အနည်းဆုံး ၃ဝ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်လမြိုင်မြို့၌ ကားတစ်စီးဘရိတ်ပေါက်ကာ လမ်းဘေးတွင်ဈေးရောင်းနေသူများအား ဝင်တိုက်မိသဖြင့် လူ(၄)ဦးထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ