မော်လမြိုင်မြို့၌ ကားတစ်စီးဘရိတ်ပေါက်ကာ လမ်းဘေးတွင်ဈေးရောင်းနေသူများအား ဝင်တိုက်မိသဖြင့် လူ(၄)ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ကားတစ်စီးဘရိတ်ပေါက်ကာ လမ်းဘေးတွင် ဈေးရောင်းနေသူများအား ဝင်တိုက်မိသဖြင့် လူ(၄)ဦး ထိခိုက်ဒဏ်ရာရများရရှိခဲ့ကြောင်း ရာမညအရေးပေါ်ကယ်ဆယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ယနေ့(ဇန်နဝါရီလ ၁၁ ရက်)၊ နံနက် ၁၁နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ အပေါ်ဈေးအပေါက်ဝတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားက ဘရိတ်ပေါက်ပြီး လမ်းဘေးမှာရောင်းနေတဲ့ဈေးသည်တွေကို ဝင်တိုက်မိတာပါ။ အားလုံးပေါင်း (၄)ယောက်ဒဏ်ရာရတာပါ။ စိုးရိမ်ရတဲ့ အခြေအနေတော့မဟုတ်ပါဘူး။ ဈေးဆိုင်တွေလည်း နည်းနည်းပဲပျက်စီးသွားတာပါ”ဟု ရာမညအရေးပေါ်ကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် အသက်(၄၀)နှစ်ဝန်းကျင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး(၃)ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ရာမညအရေးပေါ်ကယ်ဆယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်ရောက် မြန်မာနိုင်ငံသားများ ACR Identity Card များကို ဝက်ဘ်ဆိုက်မှတစ်ဆင့် လျှောက်ထားနိုင်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း