ဖိလစ်ပိုင်ရောက် မြန်မာနိုင်ငံသားများ ACR Identity Card များကို ဝက်ဘ်ဆိုက်မှတစ်ဆင့် လျှောက်ထားနိုင်မည်
စော (NSS)- ဇန်နဝါရီ ၁၁
ဖိလစ်ပိုင်ရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ACR Identity Card များကို ဝက်ဘ်ဆိုက်မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ သိရှိစေရန် မနီလာမြို့ရှိ မြန်မာသံရုံးက ယနေ့(ဇန်နဝါရီလ ၁၁ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနသည် ၁၉၅၀ ပြည့်နှစ် နိုင်ငံခြားသားများမှတ်ပုံတင်ရေးဥပဒေ (Alien Registration Act of 1950) အရ ယခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာကို ဆောင်ရွက်မည်ဖြစ်သည့်အတွက် ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ACR Identity Card များလျှောက်ထား စေခြင်းဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသို့ တရားဝင်ရောက်ရှိနေထိုင်ကြသည့် မြန်မာနိုင်ငံသားများသည် Alien Certificate of Registration (ACR) Identity Card များ လျှောက်ထားခြင်းကို ဇန်နဝါရီလ (၂)ရက်မှ မတ်လ (၁)ရက် မတိုင်မီကာလအတွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ လျှောက်ထားရာတွင် လူကိုယ်တိုင်သွားရောက်လျှောက် ထားရန်မလိုဘဲ Bureau of Immigration ၏ တရားဝင် website ဖြစ်သည့် e-services.immigration.gov.ph ၌ စာရင်းသွင်းဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် SM Mall of Asia,Pasay City, Robinsons Place Manila နှင့် လူဝင်မှုကြီးကြပ်ရေးဌာနရုံးခွဲများတွင်လည်း လူကိုယ်တိုင်လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများသည် လူဝင်မှုကြီး ကြပ်ရေးဌာန၏ သတ်မှတ်ထားသော နေရာများသို့ မတ်လ (၁)ရက်မတိုင်မီ ကာလအတွင်း အချိန်မီသွားရောက်ဆောင်ရွက်ကြရန်လည်း မြန်မာသံရုံးက အသိပေးတိုက်တွန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Centralized e-Pension စနစ်ဖြင့် ပင်စင်ထုတ်ပေးနေသည့် ဘဏ်ခွဲပေါင်း(၅၀)ကျော်ရှိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း