USDP ပါတီဝင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား PDF အဖွဲ့ကလမ်းပေါ်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့
ကျော်(NSS) - ဇန်နဝါရီ ၁၁
မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် USDP ပါတီဝင်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား PDF အဖွဲ့က လမ်းပေါ်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ကြကြောင်း ဒေသခံများထံမှသိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၁ဝ ရက်) ညနေပိုင်းက ညောင်ပင်ဝိုင်းကျေးရွာ အုပ်စု၊ ကင်ပွန်းခြုံကျေးရွာနေ USDP ပါတီဝင်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းနိုင်(၅၀)နှစ်ကျော်ခန့်သည် အောင်လံမြို့၌ စားအုန်းဆီသွားရောက်ထုတ်ယူပြီး ၎င်း၏ မိတ်ဆွေတစ်ဦးနှင့်အတူ နေအိမ်သို့ပြန်လာခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပြန်လာစဥ် ညနေ ၄ နာရီခွဲခန့်၌ ညောင်ပင်ဝိုင်းကျေးရွာလမ်းပေါက်အတွင်းအရောက် အသင့်စောင့်ဆိုင်းနေသည့် PDF အဖွဲ့ဝင် (၂)ဦးမှတားဆီး၍ အဖော်ပါလာသူအား လမ်းပေါ်တွင်မှောက်ခိုင်းကာ ဦးဝင်းနိုင်အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ပြီးနောက် ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
"ဦးဝင်းနိုင်ကိုပဲ သေနတ်နဲ့ပစ်သတ်သွားတာ။ အဖော်ပါလာတဲ့လူကို လမ်းပေါ်မှာပဲမှောက်ခိုင်းထားတာ။ သူ့ကိုတော့ပစ်ခတ်သွားတာမရှိဘူး။ သူတို့နှစ်ယောက်က အောင်လံမြို့နယ်ထွေအုပ်ရုံးကထုတ်ပေးတဲ့ စားအုန်းဆီသွားထုတ်ပြီး ပြန်လာတဲ့အချိန် လမ်းမှာစောင့်ပြီး ပစ်သတ်သွားကြတာပါ"ဟု ဒေသခံတစ်ဦးကပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းနိုင်၏ ဦးခေါင်းနှင့်ရင်ဘတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားသဖြင့် ရုပ်အလောင်းအား ဒေသခံလူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
"အခု အခင်းဖြစ်တဲ့နေရာက စမ်းကလေးကျေးရွာမှာရှိတဲ့ လုံခြုံ ရေးဂိတ် နဲ့ ကျောက်ပန်းတောင်းရဲစခန်းကြားမှာဖြစ်သွားတာပါ။ အခင်းဖြစ်စဥ်သိသိချင်း ပစ်ခတ်သွားတဲ့လူတွေကိုဖမ်းမိဖို့ စစ်ဆေးခဲ့ပါတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စဉ့်ကိုင်မြို့တွင် PDF အဖွဲ့က လမ်းပေါ်သို့ လက်လုပ်ဗုံး(၃)လုံး ပစ်ပေါက်ဖောက်ခွဲ၍ လင်မယား(၂)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ