အာရှတိုက်အနောက်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေ အကြိမ်ပေါင်း ၁၂၇ ကြိမ် တိုက်ခိုက်ခံရကြောင်း အမေရိကန်စစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၁
အာရှတိုက်အနောက်ပိုင်းမှာရှိနေတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေဟာ ၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက် နောက်ပိုင်းတည်းက လက်ရှိအချိန်အထိ အကြိမ်ပေါင်း ၁၂၇ တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူပက်ရိုင်ဒါက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဆီးရီးယားနဲ့ အီရတ်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေဟာ အကြိမ်ပေါင်း ၁၂၇ ကြိမ်တိုက်ခိုက်ခံထားရကြောင်း သိရပါတယ်။
အဆိုပါ အောက်တိုဘာ ၁၇ ရက်နောက်ပိုင်းကတည်းက ဆီးရီးယားရှိ အမေရိကန်စစ်အခြေစိုက်စခန်းက ၇၅ ကြိမ် တိုက်ခိုက်ခံရသလို အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းက ၅၂ ကြိမ် တိုက်ခိုက်ခံရကြောင်း၊ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမှုတွေကို လက်တုံ့ပြန်မှုအဖြစ် အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယားနဲ့ အီရတ်ရှိ လက်နက်ကိုင်အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန်စစ်တပ်တွေဟာ ဆီးရီးယား နဲ့ အီရတ်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး အီရတ် နဲ့ အမေရိကန်နိုင်ငံကြားလည်း တင်းမာမှုတွေ ရှိနေပါတယ်။
အီရတ်ဝန်ကြီးချုပ်က အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေကို တိုက်ခိုက်နိုင်ဖို့ ဖိတ်ခေါ်ထားတဲ့ အမေရိကန် စစ်သားတွေကို နိုင်ငံအတွင်းက ပြန်ရုတ်သိမ်းသွားဖို့ မကြာခင်ဆွေးနွေးမယ်လို့လည်း ထုတ်ဖော်ပြောဆိုထားပါ တယ်။ အီရတ်လွှတ်တော်ဟာ နိုင်ငံအတွင်းကနေ အမေရိကန်စစ်သားတွေ ပြန်ရုတ်သိမ်းစေမယ့် ဥပဒေမူကြမ်းကို ခွင့်ပြုထားပြီးဖြစ်ပေမယ့် အမေရိကန်စစ်တပ်ဘက်က တုံ့ပြန်ခြင်းမျိုးမရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
USDP ပါတီဝင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား PDF အဖွဲ့ကလမ်းပေါ်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ