နိုင်ငံအတွက်လိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေးကို တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော်ရန်လိုဟုဆို
ကျော်(NSS) - ဇန်နဝါရီ ၁၁
နိုင်ငံအတွက်လိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေးကို တိုင်းရင်း သားပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော်ရန်လိုကြောင်း နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
နစက ဥက္ကဋ္ဌက ယနေ့ (ဇန်နဝါရီလ ၁၁ ရက်)တွင်ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သော သဝဏ်လွှာ၌ အထက်ပါကဲ့သို့ ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။
"နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ လက်နက် ကိုင်ပဋိပက္ခတွေကြောင့် ပျက်စီးဆုံးရှုံးသွားသမျှ အသက်ခန္ဓာတွေ အရာဝတ္ထုတွေအားလုံးဟာ နိုင်ငံရဲ့အဖိုးတန်အရင်းအမြစ်တွေပဲဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုမရှိသော နေရာဒေသသည် ဖွံ့ဖြိုးတိုးတက်မှုနှင့်သာယာဝပြောမှုကင်းဝေးကာ ဒေသခံတိုင်း ရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝလည်း နိမ့်ကျလျက်ရှိနေမည်ကို သတိပြုအလေးအနက်ထားကြရမည်ဟု ပြောသည်။
လက်ရှိအချိန်တွင် ကရင်ပြည်နယ်၏ ဒေသအချို့အပါအဝင် နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် နိုင်ငံနှင့်ပြည်သူအားလုံး ဘက်ပေါင်းစုံမှ များစွာထိခိုက်နစ်နာမှုများဖြစ်ပေါ်လျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် အမှန်တရားအပေါ် အခြေမပြုဘဲ ပြည်တွင်းပြည်ပသွေး ထိုးမြှောက်ပင့်မှုများနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ၏ အားပေးကူညီမှုများကြောင့်ဖြစ်ပေါ်နေသည့် ဆူပူအကြမ်း ဖက်မှုများနှင့်တိုက်ပွဲများ၏ ဆိုးကျိုးနှင့်ဆင်းရဲဒုက္ခကို လက်တွေ့ခံစားနေကြရသူများသည် တိုင်းရင်းသားများသာဖြစ်သည်ဟု ပြောသည်။
"အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရတာကြောင့် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ဘက်ပေါင်းစုံမှာ အခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။ အချိန်ကာလကြာ မြင့်စွာ အချိန်ယူတည်ဆောက်ခဲ့ရတဲ့ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုး တက်မှုတွေ ပျက်စီးဆုံးရှုံးပြီး မူလအခြေအနေပြန်ရဖို့ အချိန်ကာလ၊ လူအင်အား၊ ငွေအင်အား ဘက်ပေါင်းစုံကနေကြိုးစားတည်ဆောက်ရပါမယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
နစက အနေဖြင့် အမျိုးသားရေးလုပ်ငန်းသုံးရပ်ကိုအခြေ ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကိုတည်ဆောက်ပေးထားပြီး ခိုင်ခိုင်မာမာဆောင်ရွက်ထားခြင်းဖြစ်၍ လုံးဝအထိခိုက်ခံမည်မဟုတ်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အစဉ်တံခါးဖွင့်ကြိုဆိုလျက်ရှိပြီး အခက်အခဲမှန်သမျှကို လက်နက်ကိုင်လမ်းစဉ်ဖြင့် မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် NCA ပါ သဘောတူညီချက်များနှင့်အညီ လက်တွဲဖြေရှင်းဆောင်ရွက်ရန် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးကို အမြဲဖိတ်ခေါ် ကြိုဆိုလျက်ရှိသည်ဟု ပြောသည်။
"ယနေ့ မိမိတို့နိုင်ငံအတွက်လိုအပ်နေတဲ့ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသားပြည်သူအား လုံးက ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ် ကမ္ဘာ့အလယ်ရပ်တည်နိုင်မှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် မိမိတို့နေထိုင်ရာဒေသများတွင် တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများလျော့နည်းပပျောက်လာစေရန် အချင်းချင်းဝိုင်းဝန်းထိန်း သိမ်းဆောင်ရွက်ပြီး တိုင်းရင်းသားအားလုံး စည်း လုံးညီညွတ်စွာ ပြည်ထောင်စုကြီးအေးချမ်းသာယာဝပြောရေးဆောင်ရွက်၍ နိုင်ငံနှင့်ပြည်သူအကျိုးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရမည်ဟုလည်း နစက ဥက္ကဋ္ဌကတိုက်တွန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်ကိုင်အဖွဲ့ဝင်များ၏ ဘာသာတရားအပေါ်အကြမ်းဖက်မှုများသည် ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်အားလုံးကို စော်ကားသောလုပ်ရပ်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ